အခန်း 14

227 43 0
                                    

Chapter 14

လွန်ခဲ့သော 8 နှစ်က ရှောင်ပေါ်ဟန် သည် စကားတစ်ခွန်းမှ မပြောဘဲ ရုတ်တရက် ထွက်သွားခဲ့သည်။

ရှစ်နှစ်ကြာသောအခါတွင်လည်း ရှောင်ပေါ်ဟန် သည် နောက်တစ်ကြိမ် ထွက်ခွာသွားခဲ့ပြီး ‌နင်အာ သည် ဘာမှမသိရသေးပေ။

‌နင်အာ သည် အိမ်စာစာရွက်ကိုကိုင်ကာ လှေကားထိပ်တွင် ရပ်နေပြီး ဒေါသတကြီး လက်ချောင်းများကို ဆုပ်ကိုင်ထားသည်။

ဖွားဖွားရှောင် က သူဘာတွေတွေးနေမှန်း မသိတာကြောင့် သူမ ကြင်နာစွာပြုံးပြီး "ရှောင်အာ့၊ ရှောင်ဟန်က ရက်နည်းနည်းကြာမှ ပြန်လာမှာ၊ သူပြန်လာမှ အတူတူကစားကြလေ"

‌နင်အာ က ပြုံးပြီး ခေါင်းညိတ်လိုက်၏ ။ "ဖွားဖွားရှောင်၊ ဒါဆို ကျွန်တော် အိမ်ပြန်ပြီး အိမ်စာအရင်လုပ်လိုက်အုံးမယ်။"

ဖွားဖွားရှောင် က တံခါးကိုပိတ်ရင်း သူ့ဖာသာတွေးရင်းနဲ့ ပြောလာ၏ "ရှောင်အာ့ က အရမ်းတော်တဲ့ကလေးပဲ"

အရမ်းတော်တဲ့ကလေးလေး ‌နင်အာ က တကယ်ကို စိတ်ဆိုးသွား၏။

အိမ်ပြန်ရောက်ပြီးနောက် ‌နင်အာ သည် လက်ကိုင်ဖုန်းကို ထုတ်ကာ ရှောင်ပေါ်ဟန် ၏ WeChat ကို နှိပ်လိုက်သည်။ သူသည် စကားလုံးများစွာကို ရိုက်ထည့်ကာ အားလုံးကို ဖျက်လိုက်ပြီး နောက်ဆုံးတွင် သူ့ဖုန်းကို ပိတ်လိုက်ပြီး ဒီလူကို နောက်တစ်ကြိမ် ထပ်မဆက်သွယ်တော့။

*အခု အိမ်စာမကူးရင် နောင်လည်း မကူးနဲ့တော့*

ထိုညတွင် ‌နင်အာ သည် စာရွက်များပေါ်တွင်အဖြေဖြည့်ရန် အလုပ်ကြိုးစားနေကာ နောက်ထပ် သင်္ချာစာရွက်နှစ်စုံကို ပြုလုပ်ပြီးနောက် အိပ်ရန်ပြင်ဆင်ရန် ကုတင်ပေါ်တွင် လှဲနေလိုက်သည်။

သူ့ဖုန်းကိုဖွင့်ပြီး ရှောင်ပေါ်ဟန် ၏ပရိုဖိုင်ပုံကိုနှိပ်လိုက်သည်။

ရှောင်ပေါ်ဟန် ၏ ပရိုဖိုင်ပုံသည် အလွန်အေးစက်သော ဓာတ်ပုံဖြစ်သည်။ သူသည် ငယ်ငယ်က နင်းအာကို "မဟုတ်ဘူး" ဟု အေးစက်စွာပြောသည့်ပုံစံအတိုင်း ကင်မရာကို စိတ်မရှည်စွာကြည့် နေသည်။

A LITTLE LOVE SONG {Complete} Where stories live. Discover now