Chapter 1

1.4K 97 0
                                    

Chapter 1 I'm poor
January 28, 2024

Chapter 1

မင်း မ​အောင်မြင်လာရင် ဘုရားသခင်​တောင် သည်းခံနိုင်​မှာ မဟုတ်ဘူး

ယွီနျန် ဓါတ်​လှေကားအတွင်း ​​ခြေချမိသည့်အချိန် အထဲတွင် လူတစ်​ယောက် ရှိ​နေပြီးသား ဖြစ်​နေသည်။

သူတို့ မျက်လုံးချင်း ဆုံမိသွား​သောအခါ နှစ်​ယောက်လုံးက နှစ်စက္ကန့်မျှ ကြက်​သေ​သေသွားကြ​လေသည်။

တစ်ခဏအကြာ ယွီနျန် ပြန်လှည့်လိုက်ပြီး 42ထပ် ခလုတ်ကို နှိပ်လိုက်ပါ​​သော်လည်း တစ်ဖက်လူ၏ မျက်စိကျိန်း​လောက်ဖွယ် ရုပ်ရည်က သူ့မျက်လုံးထဲ၌ တဝဲဝဲလည်လည် ဖြစ်​နေဆဲ။

ဓါတ်​လှေကား အတွင်းသို့ ​နောက်ကျမှ ​ရောက်လာသည့် သူ့စီနီယာအစ်ကို ချီကျယ်က​တော့ ​ခေါင်းကို တွင်တွင် ငုံ့ထားသဖြင့် ​ထောင့်တွင် ရပ်​နေသူကို သတိပြုမိခြင်း မရှိပုံပင်။ သူက လက်​ချောင်းများကို စိတ်လှုပ်ရှားစွာဖြင့် ဖျစ်ညှစ်​နေပြီး ဓါတ်​လှေကား ပိတ်သွားချိန်တွင် ​အသံနှိမ့်ကာ ​ပြောလိုက်သည်။

"ဂျူနီယာ ညီ​လေးယွဲ့... အစ်ကိုကလည်း ရှင်း​ယောင် အင်တာတိန်းမန့်မှာ အခုမှ အလုပ်သင်​လေးပဲ ရှိ​သေး​တော့ များများစားစား လုပ်​ပေးလို့ မရဘူး... ဒီတစ်​ခေါက် သူတို့ကို မင်းရဲ့ ဓါတ်ပုံ​လေးပြလိုက်တာ ​အေးဂျင့်​တွေက မင်းနဲ့ ​တွေ့ဖို့ လက်ခံလိုက်ကြတယ်... ခဏ​နေရင် မင်း ​ကောင်း​ကောင်း ​လုပ်ပြရမယ်​နော်... မင်းရဲ့ ရုပ်ရည်နဲ့​တောင် မင်း နေခဲ့နိုင်မယ်ဆိုတာ ​ပြောရဲတယ်"

သူစိုးရိမ်ပူပန်​နေပုံနှင့် စာလျှင် ယွီနျန်က စိတ်​အေးလက်​​အေး ပြုံး​နေသည်။ လူမြင်ကွင်းတွင် ရှိ​နေသည်​ကြောင့် သူက အသံကို နှိမ့်ကာ စိတ်ရင်းမှန်ဖြင့် ​ပြောလိုက်​လေသည်။

"ကျွန်​တော့်ကို ဒီလိုအခွင့်အ​ရေးမျိုး ရ​အောင် ကူညီ​ပေးလို့ ကျေးဇူးပါ စီနီယာအစ်ကို... ကျွန်​တော် ကြိုးကြိုးစားစား လုပ်ပါ့မယ်"

ချီကျယ်က သူ့လက်ကို ယမ်းကာ အသက်ရှူရပ်မတတ် ခပ်​လော​လော ဝင်​ပြောလိုက်သည်။

ကျွန်တော်ကဆင်းရဲတယ်လို့ကြားမိတယ်Where stories live. Discover now