------------------------------------------------------------
"ထိန်လင်း မင်းအိမ်ဘယ်ချိန်ပြန်မှာလဲ"
"ဘာလို့လဲ ပုံမှန်တိုင်းလေးခွဲငါးနာရီပေါ့။ဘာလုပ်စရာရှိလို့လဲ"
ထိန်လင်းမောင်ပြန်မေးတော့
ကျော်ဖြိုးသူဟာခေါင်းကုတ်သလို ဂုတ်ကုတ်သလိုနဲ့။
"ဘာရယ်တော့မဟုတ်ဘူး!မင်းမိန်းမဆီကနေသူ့သူငယ်ချင်းဖုန်းနံပတ်လေးတောင်းမလို့ပါကွာ"
"ဟား..!ဘယ်သူ့နံပတ်လိုချင်တာလဲ ဒါနဲ့ဒီလာတုန်းကစတွေ့ခါစမလို့မတောင်းရဲတယ်ထားပါ။ရန်ကုန်ပွဲမှာတုန်းကကောဘာလို့မတောင်းရတာလဲကွ"
ထိန်လင်းမောင် ပြောတော့ကျော်ဖြိုးသူဟာခပ်ယဲ့ယဲ့ပြုံးရယ်၏။
ထိန်လင်းပြောသလိုဒီမှာတွေ့တုန်းကတောင်းရလောက်တဲ့ထိစိတ်ကရှိမနေခဲ့ပါ!ထိန်လင်းမိန်းမရှိရာရန်ကုန်မှာသွားလုပ်တုန်းကမှသေချာပေါက်ဖုန်းနံပတ်လိုချင်သွားခဲ့မိတာ။
အဲ့တုန်းကပိုင်ရှင်ကိုယ်တိုင်ဆီကတောင်းချင်မိခဲ့ပေမဲ့ တောင်းမဲ့ရက်မှာပဲထိုပိုင်ရှင်ကအလုပ်ကိစ္စကြောင့်ခရီးထွက်သွားခဲ့သည်ဆိုသောကြောင့်ကိုယ့်ရဲ့အတွေးစအကြံတို့ပျောက်ပျက်သွားခဲ့ရသည်မလား။
"အဲ့တုန်းကမေ့သွားလို့ပါကွာ။ပြန်ရင်လိုက်ခဲ့မယ် "
"အေးပါ!ရုံးကဒီနေ့မသွားတာလား"
"အင်း သိပ်နေမကောင်းချင်လို့ခွင့်ယူလိုက်တာ!နောက်ပြီး ဦးစီးမှူးပြောင်းမှာနဲ့ဘာနဲ့ဆိုတော့ ရုံးမှာဇယားတွေသိပ်များနေလို့ပါကွာ။ကြာတော့စိတ်ရှုပ်လာတယ် ခွင့်ယူတာတောင်မနည်းပြောယူရတယ် မကြည်ဘူး"
ကျော်ဖြိုးသူ အပြောကြောင့်ထိန်လင်းမောင်ဟာခေါင်းငြိမ့်ပြ၏။
ကျော်ဖြိုးသူ တို့မိဘတွေမှာလယ်တွေယာတွေပိုင်ရှိပေမဲ့ ကျော်ဖြိုးသူ ကအစိုးရဝန်ထမ်းအလုပ်ကိုစိတ်ဝင်စားတာကြောင့်ဘွဲ့ရပြီးထဲကလဝကရုံးမှာအငယ်တန်းစာရေးအနေနဲ့ဝင်လုပ်ခဲ့တာဖြစ်၏။
ပြီးခဲ့တဲ့နှစ်ပိုင်းလောက်ကမှဒုဦးစီးမှူးဖြစ်တာကြောင့် သူလည်းသိပ်အလုပ်များပြီးခေါင်းရှုပ်ရမှာအသေချာဖြစ်၏။
YOU ARE READING
ယနေ့မှစ၍သက်ဆုံးတိုင်
Romanceအသက်ဆယ်နှစ်ကျော်ကွာဟတဲ့ ကလေးမကို ကျုပ်ကလက်ထပ်ရမယ်ဆိုပဲ။ ________________________________________ "ကိုကိုကြီး လဝန်းကိုချစ်ရဲ့လားဟင်" "အင်း ကိုယ်မင်းကိုချစ်တာထက်ပိုပြိီးမြတ်နိုးမိပါတယ်ကလေးမ" ...
