-------------------------------------------------
"အမေ..!ဟိုကောင်မလေးဘယ်သွားလဲ"
ထိန်လင်းမောင်ဆန်စက်ကပြန်ရောက်လာချိန်အိမ်မှာဟိုကောင်မလေးအရိပ်ယောင်ကိုမတွေ့ရတာကြောင့် လက်ထဲပါလာတဲ့စရင်းစုအုပ်အိတ်တွေကိုခုံပေါ်တင်ရင်းမေးလိုက်ခြင်းဖြစ်သည်။
"သမီးလေးကမိညိုနဲ့ချောင်းစပ်နားသွားတယ်သားရေ"
"ချောင်းစပ်..!အိမ်နောက်ဖေးကိုလား"
"မဟုတ်ပါဘူးကွယ်!ရွာထိပ်ပိုင်းနားကအစပ်ကိုသွားတာသားကြီးရဲ့။အဲ့ဒိီမှာက ချောင်းရေပိုစီးတော့ပုံရိုက်ချင်လို့ပါတဲ့ဆိုပြီးထွက်သွားတာ။သူ့အဖွားကိုကောအမေ့ကိုကောခွင့်တောင်းပြီးမှသွားတာပါသားရယ်"
ထိန်လင်းမောင် မျက်ခုံးတန်းကြီးများစုကျုံ့သွား၏။
နောက်တော့ ချက်ချင်းပဲဆိုင်ကယ်နှင့်ရွာထိပ်နားဆီထွက်လာခဲ့ရတော့လေသည်။
နောက်နှစ်ရက်သုံးလေးရက်နေရင်ပဲလက်ထပ်ရတော့မဲ့သူကဘာလို့များချောင်းစပ်ကိုသွားရတာလဲ စိုးရိမ်စိတ်ကြောင့်ဆိုင်ကယ်ကိုအရှိန်တင်စီးလိုက်သလိုလမ်းမှနှုတ်ဆက်တဲ့သူများကိုတောင်ပြန်နှုတ်ဆက်ဖို့အတွက်ကိုယ့်မှာမတွေးမိတဲ့ထိဒိီကောင်မလေးကိုပူပန်နေရတာ။
ဟာ..!
ရေထဲမှာကိုဆင်းဆော့နေသည့်လဝန်းမေကိုတွေ့လိုက်ရတာကြောင့် ထိန်လင်းမောင်တို့ဒေါသပိုထွက်လာရပြီးဆိုင်ကယ်ပေါ်မှအမြန်ဆင်းခဲ့လိုက်၍ချောင်းစပ်နားအလျှင်မြန်လျှောက်လာခဲ့ရလေသည်။
"တောက်..! လဝန်းမေ.."
ချောင်းထဲမှာရေဆော့နေသူလဝန်းမေနဲ့မိညိုအပါကျန်ကလေးများနဲ့ရွာသူလေးတွေအားလုံးရယ်သံများအော်ဟစ်ပြောဆိုသံများငြိမ်ကျသွားလေသည်။
"အခုအပေါ်တက်ခဲ့လဝန်းမေ"
ခပ်ပြတ်ပြတ်အသံကလဝန်းကိုစိတ်ဆိုးဒေါသထွက်နေသလိုမျိုးကြီးပဲမလို့လဝန်း မိညိုကိုအားကိုးတစ်ကြီးဖြင့်ကြည့်မိပေမဲ့မိညိုလေးကလည်းကြောက်တော့ခေါင်းပင်မဖော်ရဲပေ။
"ကျစ်..!မင်းကိုကိုယ်ပြောနေတယ်လေ လဝန်းမေ"
"ဟုတ်!ဟုတ်ကဲ့ပါ။ မိညို ပြန်ကျရအောင်လေ"
YOU ARE READING
ယနေ့မှစ၍သက်ဆုံးတိုင်
Romanceအသက်ဆယ်နှစ်ကျော်ကွာဟတဲ့ ကလေးမကို ကျုပ်ကလက်ထပ်ရမယ်ဆိုပဲ။ ________________________________________ "ကိုကိုကြီး လဝန်းကိုချစ်ရဲ့လားဟင်" "အင်း ကိုယ်မင်းကိုချစ်တာထက်ပိုပြိီးမြတ်နိုးမိပါတယ်ကလေးမ" ...
