"မမအရင်ပြန်လိုက်သွားပါ။မိညိုပြီးမှထွေးထွေးတို့နဲ့ပြန်လာခဲ့မယ်နော်။မိညိုလည်းအုပ်ကြီးကိုကြောက်တယ်မမ"

လဝန်းမေမျက်နှာမသာယာလေးနဲ့ခေါင်းငြိမ့်ပြ၍ရေထဲမှနေကုန်းပေါ်ပြန်တက်လာခဲ့ရသည်။

"တောက်..! မင်းတော့နော်။လာ ဒါကိုဝတ်စမ်း"

သူ့အပေါ်ထပ်ကြီးချွတ်ရင်းလဝန်းကိုပြောသည်။နောက် သူကိုယ်တိုင်ပဲအလျှင်မြန်လဝန်းကိုအပေါ်ထပ်ဝတ်ပေးပြန်သည်။

"ဘယ်မလဲ မင်းဖုန်း"

ဆိုင်ကယ်ရပ်ထားတဲ့ဘက်ဆီသွားဖို့ပြင်နေပြီးမှလဝန်းကိုမေးလာသည်။ကြည့်ရတာ ဖွားကြည်ကိုပုံရိုက်မယ်လို့ပြောသွားတာဆိုတော့ဖုန်းပါသည်လို့ထင်နေတာဖြစ်မည်။

"ဟို..!သွားချင်ဇောကြီးပြီးဖုန်းကအိမ်မှာပဲမေ့ကျန်..!"

"မိညို ခဏနေထွေးထွေးတို့နဲ့အတူပြန်လာခဲ့တော့"

"ဟုတ်ကဲ့အုပ်ကြီး"

လဝန်းစကားကိုဆုံးအောင်နားမထောင်ပေ။မိညိုကို​ပြောပြီးတာနဲ့လဝန်းလက်ကိုခပ်ကြမ်းကြမ်းဆွဲကိုင်ပြီးဆိုင်ကယ်နားခေါ်လာလေသည်။

"​ဟယ်..!မြေး ရေတွေစိုလာပါလား။ရေတွေဆော့လာတာလား"

အိမ်ရောက်တော့အိမ်ရှေ့မှာထိုင်စကားပြောနေတဲ့ဖွားကြည်နဲ့ဖွားဖွားတို့ဖိုးဖိုးတို့ကလဝန်းပုံစံကိုမြင်တော့မေးလာကျသည်။

"ဟုတ်..!ဟုတ်တယ်ဖွားဖွား။ဟို လဝန်းအဝတ်စားအရင်သွားလဲအုံးမယ်နော်"

"အေးအေး မြန်မြန်လဲခဲ့မြေးလေး။အအေးပတ်နေမယ်"

လဝန်းခေါင်းငြိမ့်ပြပြီးဘေးကရပ်၍လဝန်းကိုကြည့်နေသူကိုတစ်ချက်ပင်မကြည့်ရဲပဲအိမ်ပေါ်အမြန်ပြေးတက်လာခဲ့မိသည်။

"ကျတော်လည်းရေချိုးအုံးမယ်!ညမှစကားပြောကျတာပေါ့အမေတို့"

ထိန်လင်းမောင်လူကြီးတွေကိုပြောပြီးအိမ်ထဲဝင်လာခဲ့လိုက်လေသည်။
အိပ်ပေါ်ထပ်တက်လာပြီးနောက်ကိုယ့်အခန်းထဲအရင်ဝင်ပြီးဖုန်းနဲ့စရင်းစာအုပ်ကိုကုတင်ဘေးကခုံပေါ်ပြစ်တင်ပြီးနောက် ေလပူတစ်ချက်မှုတ်ထုတ်ကာသက်ပြင်းချရင်းခေါင်းမှဆံပင်များကိုထိုးဖွပြစ်မိလေသည်။

ယနေ့မှစ၍သက်ဆုံးတိုင် Where stories live. Discover now