"မဟုတ်ဘူး...မဟုတ်ဘူးရှောင်းကျန့် အဲ့တုန်းက ငါမသိခဲ့လို့ပါ ငါမှားခဲ့တာတွေငါသိပါတယ် ငါ့ကိုယ်ငါဘယ်သူ့ကိုချစ်နေမှန်းတောင်ေ-သချာမသိခဲ့မိလို့ပါရှောင်းကျန့်ရယ်..ငါ ငါလေ နောက်ဆိုမင်းကိုအနိုင်မကျင့်တော့ပါဘူး မင်းကိုပဲငါချစ်မှာပါ အမြဲအလျှော့ပေးမှာမို့ ငါ့အနားမှာပဲနေပေးပါနော် ငါပြင်ပါ့မယ်"

ဒူးထောက်မတက်ငိုကာ ကမူးရှူးတိုးပြောနေတဲ့ရိပေါ်ကို ရှောင်းကျန့် ကြည့်နေမိသည်။

(ဝမ်ရိပေါ်...မင်းငါ့ကိုချစ်တယ်ဆိုရင်တောင် အနည်းနဲ့အများတော့ မင်းကိုနာကျင်စေချင်မိတယ် ငါတောင်းပန်ပါတယ် ရိပေါ်)

ရှောင်းကျန့် ရိပေါ်ကိုဘာမှမပြောတော့ပဲ ယိုင်တိုင်တိုင်ကုန်းထကာ ထွက်သွားမယ်လုပ်တော့ အရှေ့ကနေ လာပိတ်ရပ်တဲ့ရိပေါ်

"ဝမ်ရိပေါ် ဖယ်"

"မဖယ်ဘူး မင်းငါ့ကိုချစ်တယ်ဆိုမှဖယ်မယ်"

"တော်စမ်းပါဝမ်ရိပေါ်  ဒီစကားတွေက မင်းဝမ်ချင်ကိုပဲပြောသင့်တာ မင်းစိတ်တွေကိုအမှန်မြင်စမ်းပါ ဖယ် အခု"

ရိပေါ် ရှောင်းကျန့်လက်ကိုဆုတ်ကိုင်လိုက်ကာ

"မင်းငါ့ကိုမချစ်ရင်တောင် ငါ့အနားမှာတော့ နေပေးပါနော် ငါတောင်းဆိုပါတယ်"

"...................."

ခေါင်းသာငြိမ့်ပြတဲ့ရှောင်းကျန့်ကြောင့် ရိပေါ်ပျော်ရပေမယ့် အပြည်အဝတော့မဟုတ်။

"ငါမင်းကိုကုန်းပိုးမယ် လာ"

"ရတယ် မလိုဘူး"

"လာစမ်းပါ"

ဆိုကာ ရိပေါ် ရှောင်းကျန့်ကိုကျောပိုးလျက် ရှောင်းအိမ်သို့ပြန်လာလိုက်သည်။

..................................................................................

မနက်ခင်း၇နာရီအချိန်၌ ထိုးထလာတဲ့ရှောင်းကျန့် မျက်လုံးအစုံတို့ဖွင့်လိုက်သည်နှင့် ခေါင်းထဲသို့အရင်ဦးဆုံးရောက်လာတာက ညကအခြေအနေများပင်။

Flash back 🔙 🔙 🔙 🔙 🔙 🔙

ရှောင်းကျန့်ကို ရိပေါ်အခန်းကုတင်ပေါ်သို့တင်ပေးတော့ ရှောင်းမားမှ

🌸More Than Friends(သူငယ်ချင်းထက်ပိုသော)🌸[Complete]Where stories live. Discover now