ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

Start from the beginning
                                    

" ရွှီကော မင်း နည်းနည်းလေး ပိန်သွားသလိုဘဲ"

အခြေအနေဖြင့်မကိုက်ညီသော ယခုလိုမှတ်ချက်တွေကို မကြားချင်ယောင်ဆောင်ရင်း ရွှီလော့ယန်က တည်ငြိမ်စွာဖြင့် ချီချန်အန်းကို မိတ်ဆက်ပေးလိုက်သည်။

“ဒါက ကျွန်တော်နဲ့ ငါးနှစ်ကြာလက်တွဲအလုပ်လုပ်ခဲ့တဲ့ ကျွန်တော်လက်ထောက် လုတိပဲ ချန်အန်းကော မင်း သူ့ကို တိဇီ လို့ခေါ်လို့ရတယ်”

ချီချန်အန်းက သူ့ကို ဖော်ရွေတဲ့ပုံစံဖြင့် နှုတ်ဆက်ချိန်တွင် လုတိ က ပိုတောက်ပစွာ ပြုံးပြလာသည်။

"တွေ့ရတာဝမ်းသာပါတယ် မစ္စတာချီ"

ထိုသူက အရပ် 1.8 မီတာရှိပြီး သန်မာသော ကြွက်သားများ၊ ထူထဲသော မျက်ခုံးမွှေးနှင့် မျက်လုံးကြီးများကိုပိုင်ဆိုင်ပြီး သူ့ကိုယ်ပိုင်ပုံစံမူဟန်က ' ငါကတော်တဲ့ ယောက်ျားတစ်ယောက်ပါ' ဆိုသော တံဆိပ် အမှတ်အသားမျိုးရှိသူမျိုးပင်။

သူက စိတ်လှုပ်ရှားစွာဖြင့် - "မစ္စတာချီရဲ့ရုပ်ရှင်တွေအားလုံးကို ကျွန်တော်ကြည့်ဖူးတယ် အကုန်လုံးက အရမ်းဂန္ထဝင်ဆန်တယ် ဒါပေ့မယ်လည်း ရွှီကောကကြတော့ ဘာလီဇက်က လူဆိုးဂိုဏ်းသား အားဟွေ ရဲ့ဇာတ်ကောင်ကို အကြိုက်ဆုံးပဲ.....ကျွန်တော်ကကြတော့ အမဲလိုက်ပွဲကားက စနိုက်ပါကို ပိုကြိုက်မိတယ်....အဲ့လို အကြိုက်မတူလို့ အချင်းချင်း ခဏခဏ ထိပ်တိုက်ရန်ဖြစ်ကြရတာလဲအကြိမ်ကြိမ်ပါဘဲ “

ရွှီလော့ယန်နှင့်ချီချန်အန်းတို့က သူ့ရဲ့အလုပ်ရှင်နှစ်ယောက် ဖြစ်လာနိုင်မှန်း သူသိသည်နှင့်တပြိုင်နက် လုတိက သူ့အိမ်စာတွေ* ပိုလုပ်ရန် သတိတရဖြစ်သွားသည်။ [ အကြောင်းသိရန် ]

သို့သော် ချီချန်အန်းနှင့်ပတ်သက်သည့် သတင်းအနည်းငယ်သာသူစုံစမ်းနိုင်ရှသေးသည်။ ဇာတ်ကားတွေမှ ပုံရိပ်တွေအပြင် မီဒီယာတွေဆီက ဓါတ်ပုံအတိုအထွာလေးတွေပဲမြင်တွေ့ထားဖူးပြီး သူက အရမ်းလျှို့ဝှက်ဆန်းကြယ်လွန်းလှ၏။

ထို့ကြောင့် သူက ထိုသူ့အကြောင်းလေ့လာရန် ရုပ်ရှင်ကို အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါကြည့်ရှူခဲ့သော်လည်း ထိုသူ့အကြောင်းတော့သူမသိ၊ ထို့အစား သူဇာတ်ကားတွေကို ပိုကြည့်လေ ကြည့်လေ၊ ချီချန်အန်း၏ သရုပ်ဆောင်မှုက သဘာ၀ကျလွန်းနေကြောင်းကို ပို၍ ခံစားလာရလေဖြစ်ပြီး ၎င်းကို အဆိပ်မိ‌နေသလို အကြိမ်ပေါင်းများစွာ မထိန်းနိုင်ဘဲထိုင်သာကြည့်နေမိတော့၏။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now