ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

Start from the beginning
                                    

"ကောင်းကောင်းအိပ်တာက အရပ်ရှည်ဖို့‌ကူညီပေးနိုင်တာပေါ့လို့"

သူကတကယ်ပဲ ချက်ချင်းကောက် အရပ်ရှည်လာနိုင်သလိုဟန်မျိုးဖြင့်ပြောလိုက်သည်။

ရွှင်းယွမ် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားမြို့တော်သည် တရုတ်နိုင်ငံ၏ အကြီးဆုံး ရုပ်ရှင်နှင့် ရုပ်မြင်သံကြားအခြေစိုက်စခန်းဖြစ်သည်။ ရှီလော့ယန်၏ယခင်ရုပ်ရှင်များတွင် ရွှင်းယွမ်မှလာသောရှေးဟောင်းဝတ်စုံနှစ်ခုဖြင့်ရိုက်ကူးဖူးသည်။ တရုတ်နိုင်ငံတွင် ရုပ်ရှင်သုံးကားရိုက်ကူးခဲ့သော်လည်း ဓာတ်ပုံမရိုက်ခဲ့သည့် ချီချန်းအန်းနှင့် နှိုင်းယှဉ်လျှင် ရွှီလော့ယန်က ဤနေရာကို ကောင်းစွာသိသည်။

ဤသို့ဖြင့်သူက ချီချန်အန်း၏အနားကို မျက်တောင်တဖျက်ဖျက်ခတ်ကာ တိုးတိုးလေးပြောလိုက်သည်။

"ဒီနေရာကို ကျွန်တော်ကောင်းကောင်းသိတယ် နက်ဖြန်အထိကို ရိုက်ကူး‌ရေးစဦး မှာမဟုတ်ဘူး အဲဒီမတိုင်ခင်တော့ အရသာရှိတဲ့ အစားအစာကို သွားစားကြမယ်လေ"

ချီချန်အန်းကလည်း သူ့အသံကို လျှော့ပြီး သူ့အားအပြုံးလေးနှင့် တီးတိုးစကားပြန်ဆိုလာသည်။

"ကောင်းပြီ၊ မင်းသွားတဲ့အခါ ကိုယ့်ကို ခေါ်ဖို့မမေ့နဲ့"

ကျန်း‌ အနောက်ကိုလိုက်နေသော လူတစ်စုက ဟိုတယ်သို့ လိုက်သွားကြသည်။ ရွှီလော့ယန် နှင့် ချီချန်အန်း တို့က အလယ်တွင် လျှောက်ကာ လမ်းလျှောက်ရင်း ရိုက်ကူးရေး၏ ပျော်စရာအကြောင်းများအား ပြောဆိုနေကြသည်။ သို့သော်၊ အများစုမှာ ရွှီလော့ယန်ဘက်မှ စူးစူးဝါးဝါးအသံနှင့်ပြောဆိုနေမှုသာ ဖြစ်ပြီး ချီချန်အန်းကမူ ဂရုတစိုက်သာ ငြိမ်၍နားထောင်နေသည်ဟု ဆိုရမည်ပင်။

အရှေ့ဘက် ကောင်တာသို့ ရောက်ချိန်တွင် ရွှီလော့ယန်ကရုတ်တရက် တစ်စုံတစ်ယောက်၏ ခေါ်သံကို ကြားလိုက်ရသည်။ အသံနောက်လိုက်ကြည့်ရာ အရပ်ရှည်ရှည်နှင့် သန်မာတဲ့လူငယ်တစ်ယောက် အမြန်လာနေတာကိုတွေ့လိုက်ရသည်။ထို့နောက် ထိုသူက ပါးစပ်ပေါက်တွေကိုဖွင့်ကာပြောလာသည်။

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now