ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)

Start from the beginning
                                    

လီကျိုးသည် ကျင်းစစ်၏ အခန်းဖော်လည်းဟုတ်သည် အတန်းဖော်ဆိုလည်းဟုတ်သည်။ သူသည် အခြားသူများထက် ကျင်းစစ်နှင့်ပို၍ အတူရှိနေချိန်များသည် ။ ထို့ကြောင့် သူက ပို၍ အာရုံစိုက်လေသည်။

မမျှော်လင့်စွာ ကျင်းစစ်က ဂရုမစိုက်ရုံသာမက သူဘာကြောင့်ပျော်နေမှန်းပင် မသိချေ။

ကျင်းစစ်က အရှေ့သို့ ဗလာဖြစ်စွာ ငေးကြည့်နေသည်။

မှန်ထဲတွင် သူ့နှုတ်ခမ်းထောင့်များသည် အနည်းငယ်မြင့်တက်နေပြီး သူ့မျက်လုံးများသည် အပျော်များဖြင့်ပြည့်လျှံနေလေသည်။ သူစိတ်အခြေအနေ ကောင်းနေသည်ကို သူသိလိုက်ရသည်။

လီကျိုးက မှန်ကို ချလိုက်ပြီး " တွေ့လား မင်းမှာ ပြောပြဖို့ ကောင်းတာတစ်ခုခုဖြစ်လာတယ်မလား "

ကျင်းစစ်က ခေါင်းငုံ့လိုက်ပြီး ပန်းသီးကို အထုတ်အပိုးထဲမှ သေချာထုတ်ကာ ပြောလိုက်သည်။

" ဒီနေ့က နှစ်သစ်ကူး အားလပ်ရက်လေ"

" ဒါပဲလား " လီကျိုးက သက်ပြင်းချလိုက်ပြီး " မင်းမှာ သုံးရက်တောင် မရှိလို့လား နောက်ပြီး နောက်ဆုံးစာမေးပွဲက နားရက်ပြီးသိပ်မကြာခင်​ ဖြေရမှာ အာ...နေပါဦး မင်းကစာမေးပွဲတွေကို မကြောက်ဘူးဘဲ"

ကျင်းစစ်က ပြုံးလိုက်ပြီး စကားမပြောဘဲ ပန်းသီးကိုကိုင်ကာ ထရပ်လိုက်သည်။

" ငါ့ပန်းသီးကိုသွားဆေးလိုက်ဦးမယ် မင်းဟာကိုရောဆေးပေးရဦးမလား"

"နိုး တူတူသွားမယ် "

လီကျိုက ပန်းသီးတစ်လုံးကို ယူလိုက်ပြီး အထုတ်ကို ဖြဲလိုက်ကာ အမှိုက်ပုံးထဲပစ်ထည့်၍ ကျင်းစစ်နှင့်အတူထွက်သွားလိုက်သည်။

" ဘာပဲဖြစ်ဖြစ် ငါက 12 နာရီ ကွက်တိထိုးတဲ့အထိ စောင့်ရမှာ"

ကျင်းစစ် စကားပြောမှာကို မစောင့်ဘဲ သူက ပြုံးကာပြောလိုက်သည်။

" မင်းကတော့ စောင့်မှာ မဟုတ်တာသေချာတယ် မင်းက 11 နာရီဆို အိပ်ယာဝင်မှာမလား ငါကတခြားသူတွေထက် ပိုသိတာပေါ့"

ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)Where stories live. Discover now