Chapter 45
October 24, 2023
Chapter 45တစ်ခဏလောက် လင်းဖေး စောင့်ဆိုင်းပြီးနောက် လင်းလော့ချင်း ပြန်ရောက်လာပြီး ခေါင်းအုံးကိုလင်းဖေးခေါင်းအုံးဘေးသို့ ချလိုက်ကာ လှဲအိပ်လိုက်သည်။
“အိပ်ကြစို့...”
လင်းလော့ချင်း ပြောလိုက်၏။
"အွန်း..."
လင်းဖေး အသံပြုလိုက်ပြီး လှဲအိပ်လိုက်သည်။
လင်းလော့ချင်း သူ့ကို ပွေ့ဖက်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။
"Goodnight..."
"Goodnight..."
လင်းဖေး တိုးတိုးလေး ပြန်ပြောလိုက်သည်။
ထို့နောက် လင်းလော့ချင်း ပြုံးလိုက်ပြီး လင်းဖေး၏နဖူးကို နမ်းလိုက်ကာ မျက်လုံးမှိတ်လိုက်သည်။
အခြားအခန်းထဲရှိ ကျိယွီရှောင်က မျက်လုံးများ ပွင့်နေဆဲဖြစ်ကာ မှိတ်ချည်ဖွင့်ချည် ပြုလုပ်ပြီးနောက် နောက်ဆုံးတွင် လုံး၀မှိတ်ထားလိုက်သည်။
နာရီလက်တံက ရွေ့လျားသွားသော်လည်း ကျိယွီရှောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်သေးပေ။
ယခင်ညက ဤအချိန်တွင် သူ အိပ်ပျော်နေပြီဖြစ်သော်လည်း ယခု အိပ်မပျော်သေးချေ။
လင်းလော့ချင်း၏ဖျော်ဖြေမှုများကို ပြန်တွေးနေသော်လည်း အလုပ်မဖြစ်ပေ။
လင်းလော့ချင်းက သူ့ဘေးနားမှာ ရှိနေမှ အိပ်ပျော်မှာလား...
ကျိယွီရှောင် ကူရာမဲ့စွာ သက်ပြင်းချလိုက်ပြီး နောက်နေ့မနက်မိုးလင်းသည်အထိ မျက်လုံးများ မှိတ်ထားလိုက်သည်။
လင်းဖေးနှင့်ကျိလဲ့ယွီတို့ကို ကျောင်းပို့ရန် လင်းလော့ချင်း အစောကြီး နိုးလာလေသည်။
ကလေးနှစ်ယောက်က တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ပြီးနောက် ကျောင်းထဲ ၀င်သွားကြသည်။
လင်းလော့ချင်း အိမ်ပြန်ရောက်သောအခါ ကျိယွီရှောင်က ခါးသီးမှု ၃၀%၊ ၀မ်းနည်းမှု ၃၀%နှင့် မကျေမချမ်းဖြစ်မှု ၄၀%တို့ဖြင့် သူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။