“ဒီ နွားနို့အိုးက ကျိုပြီးသားမို့ လား ..”

“အေအေး ၊ ဟိုနားက စဉ့်အိုးကြီးထဲ သွားထည့်ရမယ် ၊

ပေးပါအေ ကျုပ်ဖာသာ မ ပြီ သွားထည့် လိုက်ပါ့မယ်”

“ရပါတယ်‌ တော် ၊ကျွန်မဖာသာ လုပ်ပါ့မယ် ..

မမသန်းက အကြော် ကြော်စရာရှိတာ ပြီးအောင် ကြော်ပါ။

ထားထားရေ ထမင်းအိုးကြီး ဆူပြီဝေ ကျနေပြီ လက်နှီးလေးကိုင် အဖုံးဖွင့် ပေးလိုက်ပါအုံး ..”

မတင်က သွက်သွက်လက်လက် သူမကလည်း လုပ်သလို

သမီးကိုလည်း နူတ်ကနေ ကူလုပ်ဖို့ ခိုင်းသည်။

ထားထားကလည်း  သွက်ပါသည်။

လိုအပ်သည့် လက်နှီးစုတ် နဲ့ထမင်းအိုး မွှေ အသားယောက်မ ကို သူမဖာသာ ရှာယူပြီ ထမင်းအိုးကြည့်ပေးသည်။

မကြာခင် မရွေးပင် ချိုးရင် ရွာထဲမှာ မြေထဲ မှာကျင်းဖောက် လောက်စလုံး
ပစ်နေသည့် မြကျော် ပြန် ရောက်လာ၏။

မြကျော်က ပြန်ရောက်သည် နှင့် သူ့အမေနား မရိုး စည်း ချ အကြော် နိူက် စားဖို့ ပြင်သည်။

ကြီးဒေါ် သန်းက သားကို မြင်သည်နှင့်

“အဲ့ဒါသာ ကြည့်တော့ အေ ..သားတွေ မွေးထားတော့ မအေ အားမကိုးရပါဘူးဟဲ့၊ ကျုပ်တစ်ယောက်တည်း လုပ်နေရတာ  ”

“ ယောင်္ကျားလေး ဆိုတော့ နွား ရွှေ့ နွား လှန်း ၊ နွားစာ အတွက်ကတော့ မပူရဘူးမို့လား ..”

“အဲ့ဒါကတော့ ဟုတ်ပါရဲ့ မယ်တင်ရေ ဒီလို အိမ်အလုပ်များကျတော့

ကျုပ်တစ်ယောက်တည်းရယ်၊

ဒီကလေး ဆိုကြည့်ရော့ မအေကျတော့ ကူရ ကောင်းမှန်းမသိဘူး ဒါ ဆော့ ပြီ ပြန်လာတာ။

ပြန်လာတော့ မော အကြော် နိူက်စား ပြီ၊

...
ဟိုမယ် ထားထား တို့များကြည့် မိန်းကလေး ဆိုတော့ လုပ်ချင်စိတ် ကိုင်ချင်စိတ် အပြည့်ကလေးနဲ့ ..”

အမေ ပြောမှ  မြကျော် နွားနို့တွေ ထည့်ထားတဲ့ စဉ့်အိုးကြီးနားမှ ကျိုပြီးသား နွားနို့ တွေ လောင်းထည့် နေသော ထားထားဦး ကို မြင်မိသည်။

စပါး နဲ့ နွား နဲ့ အညာသား(Completed)Où les histoires vivent. Découvrez maintenant