“အဲတော့ ခင်ဗျား ဘာလုပ်ချင်လဲ”

ဖန်းချီက မေးလိုက်သည်။

စွန်းဝမ့်ချွီသည် သူ့ကို ခဏမျှ စူးစိုက်ကြည့်လိုက်ပြီးနောက် ပြုံးလိုက်သည်။

“အခုတော့ ထားလိုက်အုံး။ နောက် ငါဆုံးဖြတ်ပြီးရင် ပြောမယ်။ ပြီးတော့ ငါ ကြက်ဟင်ခါးသီးမစားဘူး”

“ကျွန်တော်လုပ်တဲ့ ကြက်ဟင်းခါးသီးက မခါးဘူး”

ဖန်းချီက မျက်မှောင်ကြုတ်လိုက်၏။

“မခါးလဲ မစားဘူး။ အခါးကြောက်လို့ မဟုတ်ဘူး”

စွန်းဝမ့်ချွီက ပျင်းရိပျင်းတွဲ့ အကြောဆန့်လိုက်သည်။

“ဒီတိုင်း ကြက်ဟင်းခါးသီးရဲ့အရသာကို မကြိုက်တာ”

“အဲတော့ ခင်ဗျား ဘာစားချင်လဲ”

ဖန်းချီက မေးလိုက်၏။

“စဉ်းစားကြည့်လိုက်အုံးမယ်”

စွန်းဝမ့်ချွီက နားထင်ထက် လက်ချောင်းတစ်ချောင်း တင်ကာ စဉ်းစားလိုက်သည်။

“ဂျုံအသားတု?”

“ဂျုံအသားတုလား”

ဖန်းချီက သူ့ကို ကြည့်လိုက်သည်။

“လမ်းဟိုဘက်ခြမ်းက စူပါမားကတ်မှာ အဲဒါမရှိဘူး”

“စူပါမားကတ်တွေမှာက အကုန် အသားတုခြောက်တွေချည်းပဲ။ ဘယ်သူက စားမှာလဲ။ အရသာမှ မရှိတာကြီး”

စွန်းဝမ့်ချွီက ပြောလိုက်သည်။

ဖန်းချီက ခဏမျှ တိတ်ကျသွားခဲ့၏။

“ခင်ဗျား အခု ကျွန်တော့်ကို ခင်ဗျားအတွက် ဂျုံအသားတုလုပ်ခိုင်းနေတာတော့ မဟုတ်ဘူးမလား”

“အဲလိုဆိုရင်တော့ ကောင်းတာပေါ့”

စွန်းဝမ့်ချွီက ချက်ချင်းပင် ဆိုသည်။

“ဘာ?”

ဖန်းချီမှာ အသံပင် အနည်းငယ် ပြောင်းသွားခဲ့၏။

“အိုက်ယား… လန့်သွားတာပဲ”

စွန်းဝမ့်ချွီက ‌ရယ်သည်။

“အသားအစာသွပ်မှိုပဲ လုပ်လိုက်ပါ”

ဖန်းချီက သူ့ကို ခဏမျှ စူးစိုက်ကြည့်လိုက်သည်။ ထို့နောက် တံခါးဘက်သို့ လျှောက်သွားလေ၏။

ဖေးလိုင်ဟုန့်ချွမ် || မြန်မာဘာသာပြန် ||Nơi câu chuyện tồn tại. Hãy khám phá bây giờ