"ဘာဖြစ်လာတာလဲ။လူနာက.."
"ဓားထိုးခံရတာ!!!မြန်မြန်ကယ်ပေးပါ။"
"ဟုတ်ကဲ့ ခဏလေး လူနာကိုလှည်းပေါ်တင်လိုက်! သွေးခုန်နှုန်းရှိသေးတယ်။ အသက်ကတော့ မျှင်းမျှင်းပဲရှူတော့တယ်။ ခွဲခန်းထဲတန်းပို့"
"သုတ!!!!သုတ!!!ဦးရှိတယ်နော်!"
"လူနာစောင့်ကခွဲခန်းအပြင်မှာပဲစောင့်ပေးပါ"
"ဟုတ်ကဲ့ ဆရာ ကျေးဇူးပြုပြီး ရအောင်ကယ်ပေးပါ။"
"ကျွန်တော်တို့အကောင်းဆုံးကြိုးစားမှာပါ"
အားလုံးခွဲစိတ်ခန်းထဲ ဝင်သွားချိန်မှာတော့ နံရံကိုသာမှီပြီး ထိုင်ချလိုက်တော့တယ်။
"ထပ်ပြီးတော့လား။ဒီနေ့ငါ့မွေးနေ့ပါကွာ။ဘာလို့အမြဲတမ်းဒီနေ့မှလဲ။နွယ်နီရယ် မောင်ဒီတစ်ခါသာ သုတကို ထပ်ဆုံးရှုံးရရင် ရူးသွားလိမ့်မယ်။"
________________
Rue ဒယ်ဒီ့ရှေ့ကို သွေးတွေပေနေတဲ့ဓားကိုချပေးလိုက်တယ်။
"ဒါမှ ငါ့သားအစစ်"
ဒယ်ဒီကခုတော့ သားလို့ခေါ်နေပြီလေ။
"ဒယ်ဒီ...ကျွန်တော်...."
"ဘာမှမပြောနဲ့သား ဒယ်ဒီ့ကိုကြည့်စမ်း သားလုပ်ခဲ့တာမှန်တယ်။ သားကအိမ်ပြာတော်ရဲ့သွေးသား။အိမ်ပြာတော်ကျရှုံးမသွားအောင် ကာကွယ်ရမှာ သားတာဝန်"
"သုတ....သေသွားရင် သူတကယ်လွတ်လပ်သွားမှာလား ဒယ်ဒီ"
"လွတ်လပ်သွားမှာပေါ့ သူ့ဆန္ဒပဲလေ။ သားက ဖြည့်စည်းပေးလိုက်တာ"
FLASH BACK 🔙
Rue ဦးသူရိန်ကို ကွာရှင်းစာချုပ်ရယ် သုတရဲ့ဒိုင်ယာရီရယ်နဲ့ အခြားကျန်းမာရေးမှတ်တမ်းတွေပေးပြီး မူမပျက်ပြန်လာခဲ့တယ်။ ဒါပေမယ့် အိမ်ထဲဝင်တော့ ဒယ်ဒီက
ဧည့်ခန်းထဲမှာထိုင်နေတယ်။ Rue အကြည့်မဆုံရအောင် ကြိုးစားပြီး အပေါ်ကိုတက်ဖို့လုပ်လိုက်ပေမယ့် ဒယ်ဒီ့ရဲ့စကားကြောင့် နောက်ကျောတစ်ခုလုံးတောင့်ခဲသွားခဲ့တယ်။"အဲ့တော့ သူရိန်မဟာဆီကို သုတကိုထည့်ပေးလိုက်တော့မယ်ပေါ့"
![](https://img.wattpad.com/cover/359320596-288-k709195.jpg)
Part 27
Start from the beginning