" ခေါင်းကို ရေပြောင်အောင်သုတ်လေ
ဆွန်းဟန်..."

ဆွန်းဟန်ကို စောင်ခြုံထဲမှ ကြည့်ကာပြောလာသည့်Binnက ယခုမှ အိပ်ယာနိုးပုံပင်။

" Binn နိုးပြီလား ၊ ကျွန်တော် မင်းနိုးရင်စားဖို့ မုန့်မှာထားတယ် ခဏနေရောက်မယ်ထင်တယ် "

" အင်း "

" ဘာလို့လဲ နေမကောင်းဘူးလား Binn "

အပြောထက် လက်မြန်သော ဆွန်းဟန်က Binn နဖူးပေါ်လက်ရောက်နေပြီပင်။မျက်နှာထက်အနည်းငယ်ရဲနေသော်လည်း ကိုယ်ပူချိန်ဟာပုံမှန်အတိုင်းသာ။

" ကိုယ်တော့မပူပါဘူး "

" ကိုယ်ဘာမှမဖြစ်ပါဘူး ၊ မင်းသာအင်္ကျီဝတ်စမ်းပါ "

" Binn မဟုတ်မှ... "

" ဘာလဲ  အင်္ကျီအမြန်သွားဝတ်စမ်းပါ ၊ အအေးပတ်တော့မှာပဲ ပြီးရင် ကိုယ်မင်းခေါင်းကိုသုတ်ပေးမယ်  မြန်မြန်သွားဝတ်"

ထို့နောက် ဆွန်းဟန်သည် Wonbin ဘေးမှထသွားလိုက်ပြီး အင်္ကျီသွားဝတ်ပါတော့သည်။သူယူလာသောအင်္ကျီများတွင် အများဆုံးက Binn ၏အဝတ်အစားများပင်။

" ဆွန်းဟန် မင်း ကိုယ့်အင်္ကျီအဟောင်းတွေကိုမရိုးနိုင်ဘူးလား "

" ကျွန်တော်ကြိုက်လို့လေ ၊ Binn ရေချိုးတော့လေ ကျွန်တော်ဘာသာသုတ်လိုက်မယ်"

ဆွန်းဟန် သည် Wonbin နှင့်အနေကြာလာသည်နှင့်အမျှ Binnဟာရေချိုးရန်ပျင်းသောလူတစ်ယောက်ဆိုတာသိလာရသည်။သို့သော် ရေချိုးခန်းထဲဝင်ဖို့ရန်ပျင်းတာသာဖြစ်ပြီး Binnတစ်ခါရေချိုးလျှင်နာရီနှင့်ချီပြီးကြာတတ်လေသည်။ထို့ကြောင့်ဆွန်းဟန်မှာ ရေချိုးလျှင်မကြာဖို့ရန် အမြဲသတိပေးနေရသည်။

" လာပါကွာ ကိုယ်သုတ်ပေးချင်လို့ပါ "

ထို့နောက်ဆွန်းဟန်ဟာအထွန့်မတက်တော့ပဲ သူ့ဦးခေါင်းထက်၌ ငြင်သာစွာရွှေ့လျားနေသော လက်ချောင်းလေးများကိုသာ အာရုံစိုက်နေပါတော့သည်။ခဏအကြာ၌ မှာထားသော အစားအစာများရောက်လာသည်မို့ လူညစ်ပတ်လေးဟာ ရေမချိုးပဲ လာပို့သည့်မုန့်များကိုစားပါတော့သည်။စားပြီးတော့လည်း ဆွန်းဟန်နောက်သို့ တစ်ကောက်ကောက်လိုက်ကာ ပတ်ရှုပ်နေတော့သည်။

He is MineWhere stories live. Discover now