''လက်နာမယ် ပတ်ချယ်ယောင်းရဲ့
လာ.. ကိုယ့်အခန်းကိုလိုက်ခဲ့''

''ဟင့်အင်း''

ဘာလဲ
သူက ပြန်တွေ့တာကို ဘယ်လိုမှမနေဘူးလား။
အံ့သြနေပုံရပေမယ့်
အဲ့လောက်ထိလည်းမဟုတ်။
ချယ်ယောင်းလောက်လည်းယောက်ယတ်ခတ်မနေ။

''လာ''

လက်ကောက်ဝတ်က ဆွဲပြီး
သူ့အခန်းဆီကို ဆွဲခေါ်လာတယ်။

အခန်းရောက်တော့

''ဘာဒါ..''

နောက်တစ်ကြိမ်ထပ်ပြီး ဖက်တွယ်မိပြန်တယ်။
ချယ်ယောင်းကို ပြန်ပြီး ပွေ့ဖက်လာခဲ့တဲ့ သူ့ရင်ခွင်က နွေးလိုက်တာ..

''လွမ်းနေလိုက်ရတာ မမရယ်''

''ဘာဒါ ဘယ်တွေရောက်နေတာလဲ
ဟင် တို့ကိုထားခဲ့ပြီလားလို့
ဘယ်လောက်တွေးကြောက်နေခဲ့ရလဲ''

''ထားခဲ့စရာလား မမရဲ့
မမပဲ ကိုယ့်ကိုထားခဲ့တာ''

''တို့တောင်းပန်ပါတယ်
တို့ တကယ်တောင်းပန်ပါတယ်
တို့လေ မင်းမရှိပဲ မနေနိုင်ဘူးသိလား''

တောင်းပန်ပါတယ်လို့အခါတစ်ရာပြောရလည်းဖြစ်တယ်။
ပိုချစ်တဲ့သူက အရင်အညံ့ခံမှာပဲမလား။
ဘယ်လောက်အောက်ကျနောက်ကျခံပြီးပဲ ဆွဲထားရ ဆွဲထားရ
သူစိတ်သာ ရှိသေးရင်
တစ်ဘဝလုံးဆွဲထားတော့မှာ။

''ကိုယ်မရှိပဲ နေနေတာပဲမလား''

''မင်း ဘယ်တွေရောက်နေတာလဲ ဟင်
အခုရော..ဘယ်လို..''

စကားတွေဆက်တိုက်ပြောနေပေမယ့်
ငုံ့ကျလာတဲ့ သူ့နှုတ်ခမ်းကြောင့်
အခန်းထဲတိတ်ဆိတ်သွားတယ်။
နွေးထွေးသွားတဲ့ နှုတ်ခမ်းလွှာတွေကြောင့်
သူ့အင်္ကျီစကို ကျစ်နေအောင်ဆုပ်မိတယ်။
ဒါကတော့ အိပ်မက်မဟုတ်လောက်ဘူးမလား။
လွမ်းနေခဲ့ရတဲ့ သူ့နှုတ်ခမ်းထူထူရဲရဲတွေ..
ပြင်းပြတဲ့အနမ်းရှရှတွေ..
နူးညံ့သလိုနဲ့ ပိုင်စိုးပိုင်နင်းဆန်တဲ့ အထိအတွေ့တွေ..
နည်းနည်းလေးများတုံ့ပြန်လိုက်မိရင်
ကျေနပ်ပြီး နမ်းနေရင်း ပြုံးတတ်တာတွေ..
အီဘာဒါက အရင်လိုပဲ ပြုစားတတ်တုန်းပဲ..

အနမ်းတွေက လည်တိုင်ဆီရောက်လာတော့

''ဘာဒါ ခဏ ''

မင်းနဲ့တွေ့ပြီးတဲ့နောက်जहाँ कहानियाँ रहती हैं। अभी खोजें