အခန်း(၁၈)

Start from the beginning
                                    

ဇောင်းဟန် သည် ချမ်းသာသောမိသားစု၏ ဒုတိယမျိုးဆက် ကဲ့သို့ မချမ်းသာသော်လည်း သူသည် သူ့ဌာန၏ ထိပ်တန်းအရောင်းသမား နှစ်ဦးအနက် တစ်ဦးဖြစ်သောကြောင့် လစာကောင်းမွန်သည်။

သူချစ်သော မိန်းကလေးအတွက် ယွမ်ရာနှင့်ချီသော ထမင်းကြော်ကို ဝယ်ကျွေးချင်သည်။ သူမ နှစ်သက်သော ကြက်ဥထမင်းကြော်ကို ထပ်မဝယ်ပေးနိုင်လျှင် သူ့ကို အသုံးမကျသူဟု ထင်သွားနိုင်သည်။

"ဇောင်းဟန် ပြန်မယ်။ မနက်ဖြန်မှပဲ အလုပ်ကိစ္စပြောလို့ရမလား" ဇောင်းဟန်ကို  ဆွဲခေါ်သွားစဥ် ယင်ယာက ဇောင်းဟန်၏ မေးမြန်းမှုကို လျစ်လျူရှုလိုက်သည်။

"ယင်ယာ ခဏစောင့်"

ဇောင်းဟန်က သူမ၏လက်ကို ခါထုတ်လိုက်၍ ယင်ယာ ဒေါသထောင်းခနဲ ထွက်သွားသည်။

"စိတ်မပူနဲ့ ယင်ယာ ခဏနေရင် အားလုံးအဆင်ပြေသွားမှာပါ” ဇောင်းဟန်က သဘောရိုးဖြင့် ပြောဆိုသည်။ ယင်ယာ ဒေါသထွက်နေမှန်း သိသော်လည်း အရေးတယူ တောင်းပန်လိုက်လျှင် အဆင်ပြေသွားမည်ဟု ထင်ခဲ့သည်။

ယွမ်ကျိုး က ဘေးနားမှာ မတ်တတ်ရပ်ပြီး သူတို့နှစ်ယောက် ငြင်းခုံနေတာကို ကြည့်နေသည်။ ထိုစဉ် ဇောင်းဟန်က သူ့အနား ချဉ်းကပ်လာပြီး စကားပြောသည်။

"သူဌေး၊ စားသောက်ဆိုင်တွေ အားလုံးက စီးပွားရေး လုပ်ချင်ကြတာပဲ မဟုတ်လား။ ဒါပေမဲ့ ဒီလိုစည်းမျဉ်းတွေ ထားနေရင် မင်းရဲ့လုပ်ငန်းက တိုးတက်မှာမဟုတ်ဘူး"

‌ဇောင်းဟန်က သူ့ကို စိတ်ဝင်တစား ငေးကြည့်နေသောယွမ်ကျိုးကို  အာသွက်လျှာသွက်ဖြင့် ဆက်လက် ဆွဲဆောင်ခဲ့သည်။

"ဒီလိုဆိုရင် ငါ ပြောတာကို လက်သင့်ခံပြီလား။ ငါတို့ကို နောက်ထပ်တစ်ပွဲစီ ရောင်းပေးပါ။ ငါက မင်းကို အခွင့်ကောင်းမယူဘဲ သာမာန်ဈေးထက် ၅ဆ ပေးမယ်။ ဒီအပြင် ဖောက်သည်တချို့ကို မင်းရဲ့ စားသောက်ဆိုင်နဲ့ မိတ်ဆက်ပေးမယ်"

ထို့နောက် ဇောင်းဟန်က ယွမ်ကျိုး ၏စားသောက်ဆိုင်ကို ကြည့်ပြီး ဆက်ပြောသည်။
“နောက်ပြီးတော့ မင်းရဲ့ စားသောက်ဆိုင်က မကြီးဘူး။ မင်းရဲ့ ကြက်ဥထမင်းကြော်က ဘယ်လောက်ပဲ အရသာရှိရှိ မင်းရဲ့ စားသောက်ဆိုင်ကို ဘယ်သူကမှ မကြော်ငြာပေးရင် ဧည့်သည်တော်တော်များများက မမြည်းစမ်းခင်မှာ စျေးနှုန်းတွေ့တာနဲ့  ဝေးဝေးရှောင်သွားလိမ့်မယ်”

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now