ရွှမ်း!!!!

Jimin သည် စကားလည်းဆုံးJungkook၏လည်ပင်းကိုလည်း ဓားဖြင့်ချ်ိန်ရွယ်ပြီးသားဖြစ်သွားသည်။ Jungkookသည်သူ၏အရှေ့ရှိ တစိတ်ရှိဓားသာဆွဲထုတ်နေသောသူကို မြင်ပြင်းကပ်လှစွာကြည့်၍

"ကျုပ်လည်းဒေသခံပဲ ကျုပ်လိုက်ပြမယ် လာ!!"

"မလိုဘူး!! ကျွန်ုပ်ဘာသာ သွားနိုင်တယ်!!!"

"ဟို စမ်းချောင်းကိုလိုက်ပို့ပေးမယ် မသွားဘူးလား!!!"

Jungkookသည် ရောက်လာသည့်နေ့ကတည်းက စမ်းချောင်းကိုသာတငေးငေးဖြစ်နေသည့်ကိုသူကိုမေးလိုက်တော့ သူ၏ဒေါသအိုးရွှေပန်းသီးကမျက်လုံးအရောင်လက်သွားပြီး သူ၏ဓားကိုဓားအိမ်ထဲသို့ပြန်သိမ်းလိုက်ကာ

"အင်း.........အသင်ကအတင်းလိုက်ပို့ပေးဖို့တောင်းဆိုနေမှတော့ လူကြီး လူ​ကောင်း ဆန်စွာနဲ့လက်ခံပါတယ်.......အရှေ့ကသွားပါ"

တကယ်တမ်းအရှေ့ကထွက်သွားသူမှာ Jiminကိုယ်တိုင်ဖြစ်ပြီး Jungkookကအနောက်မှလိုက်လာခဲ့သည်။ ရပ်စောင့်နေသောHan Moနှင့်Ae Suuကိုတွေ့တော့ Jiminကအနောက်သို့လှည့်ကြည့်သည်။ Jungkookက သူ့အားလှည့်ကြည့်နေသောသူကိုမျက်မှောင်ကျုံ့၍

"ဘာလဲ"

"သူတို့နဲ့သွားမယ်ဆိုပြီးစောင့်ခိုင်းထားမိတာကို"

Jiminက အားနာဟန်ဖြင့်ပြောသည်။ Jungkookက မျက်နှာမဲ့လိုက်ကာ Han Moအရှေ့သို့လျှောက်သွားပြီး

"ကျုပ်ကြင်ယာနဲ့ လမ်းလျှောက်ထွက်လိုက်ဦးမယ် အသင်မသွားခင်အဖေ့ကိုစကားပါးပေးထားဦး"

Han Mo သည် သူ့အား အားတုံ့အားနာဟန်ဖြင့်ပြုံးပြနေသောသူကိုတစ်ချက်ကြည့်ကာ

"ကောင်းပါပြီ သခင်လေး"

"Ae Suu..... ကျွန်ုပ်နဲ့လိုက်ခဲ့ချင်လား"

Ae Suu သည် Jiminနှင့်အတူလိုက်ချင်ပါသော်လည်း မျက်မှောင်ကျုံ့၍အောက်နှုတ်ခမ်းကို ကိုက်ထားသော မန်ချူးအနောက်ဒေသ၏သခင်လေးကို ကြောက်ရွံသဖြင့်

" မ မလိုက်တော့ပါဘူး သခင်လေး........ဂရုစိုက်သွားပါ"

Jiminက ခေါင်းည်ိတ်ပြလိုက်သည်။ ဤသို့ဖြင့် မန်ချူးအနောက်ဒေသ၏ တစ်ခုတည်းသောစမ်းချောင်းရှိရာသို့ထွက်လာခဲ့ကြသည်။

ရန်သူမှကြင်ယာတော်သို့ { Completed 🍎}Where stories live. Discover now