ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့

Start from the beginning
                                    

"လော့ယန် မင်း နေမကောင်းဘူးလား"

ရွှီလော့ယန်ကပြန်ဖြေရန် နှစ်စက္ကန့်မျှကြာသွားခဲ့သည်။

သူက လက်ဖြင့်မေးကိုထောက်လိုက်ပြီး ခေါင်းခါကာ "ကျွန်တော်မဖျားပါဘူး ဒီတိုင်း...အသားမစားချင်ရုံပါ။"

ထိုသို့ပြောပြီးနောက် သူက သက်ပြင်းချလိုက်သည်မှာ‌ ကြွေလွင့်သွားသည့် ပန်းတစ်ပွင့်အလားပင်။

သူတို့အိမ်ကိုပြန်ရောက်ပြီးသည့်အခါ၌လည်း သူက ထိုအခြေအနေသာဖြစ်နေသေးသည်။ ချီချန်အန်းရေချိုးပြီးထွက်လာချိန်၌ ရွှီလော့ယန်က သူ့လက်မောင်းများထဲ ဘီမြို့မှသူဝယ်လာသည့် ရှားစောင်းပင်အိုးလေးအား ပိုက်ထားကာ အသိစိတ်မဲ့စွာဖြင့် ဆိုဖာပေါ်တွင်လှဲလျောင်းနေတာကို မြင်လိုက်ရသည်။ သူမည်သည့်အကြောင်းအရာများကို တွေးနေသလဲဆိုတာကိုမသိရ၊ ရှားစောင်းပင်၏အစူးများက သူ့မျက်နှာအား စူးမိတော့မလိုဖြစ်သွားတာကြောင့် ချီချန်အန်းကို ထိတ်လန့်သွား‌စေသည်။

"လော့ယန်..."

ချီချန်အန်း အနားရောက်လာတာကိုမြင်သည့်အခါ ရွှီလော့ယန်က ရှားစောင်းပင်အား ပိုက်ထားလျက်၊ ထထိုင်လိုက်သည်။

"ချန်အန်း ကျွန်တော်လေ..."

သူက အထစ်အထစ်နှင့်စကားစ​လိုက်ပြီးနောက်၊ "ထားလိုက်ပါတော့...အရင်ဆုံး ကျွန်တော် သန်မာပြီး ရဲရင့်ကြည့်ချင်သေးတယ် ကျွန်တော်တို့ စာသားတွေကို လေ့ကျင့်ရအောင်လေ"

ရွှီလော့ဟန်ထုတ်မပြောချင်တာကိုမြင်သဖြင့် ချီချန်အန်းလည်း ဆက်မမေးတော့ပေ။ သို့နှင့်သူက ဇာတ်ညွှန်းစာအုပ်အား ထုတ်ယူကာ၊ အလေးအနက်ဖြင့် အလုပ်စလုပ်တော့သည်။

မနက်တစ်နာရီကျော်သွားပြီးနောက်၊ ရွှီလော့ယန်က မျက်နှာကြက်ပေါ်ရှိမီးဆိုင်းအား၊ မကျေမနပ်နိုင်စွာဖြင့် ကြည့်ကာ သူ့ဖုန်းအား ခုနစ်ကြိမ်မြောက်ကောက်ကိုင်လိုက်သည်။ ယခုအကြိမ်တွင်တော့ သူက စာတိုတစ်စောင်အား ပို့လိုက်၏။

"ချန်အန်း မင်းအိပ်သွားပြီလား"

သူက စိတ်ထဲမှ သူ့ကိုယ်သူပြောမိနေသည်--- အကယ်၍ ချီချန်အန်းကအိပ်သွားပြီဖြစ်၍ စာမပြန်လျှင် သူလက်လျှော့လိုက်တော့မည်၊ အကယ်၍များ သူက မအိပ်သေးလျှင်....

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့Where stories live. Discover now