အခန်း(၁၇)

Start from the beginning
                                    

"သူပြောတာ အမှန်ပဲ။ ငါတို့က အရွယ်ရောက်ပြီးသား ယောက်ျားသားတွေလေ။ ထမင်းကြော်တစ်ပန်းကန်က ငါတို့ကို ဗိုက်ပြည့်စေပါ့မလား။ အနည်းဆုံးတော့ သုံးပန်းကန်လောက် ရောင်းပေးသင့်တယ်" ကျန်းတာ့မင်က စားသောက်ဆိုင်ထဲရှိ တခြားသော ဧည့်သည်တော်များကို စည်းရုံးသည်။

ဘေးနားတွင် ထိုင်နေသော နှုတ်ခမ်းမွှေးနှင့် အမျိုးသားက ကျန်းတာ့မင်၏ အဆိုပြုချက်ကို ထောက်ခံဟန် ခေါင်းညိတ်သည်။

"အားနာပါတယ်။ နောက်တစ်ပွဲ ထပ်မရောင်းပါဘူး" ယွမ်ကျိုးက အားမနာစတမ်း တုံ့ပြန်သည်။ ည(၇)နာရီအချိန်သို့ ရောက်ရှိလာ၍ တချို့သောမိသားစုများသည် ညစာစားရန် ပြင်ဆင်နေကြပြီး တချို့မိသားစုများက ညစာမစားရသေးပေ။ ညဖက်အချိန်သို့ ကျရောက်လာ၍ လမ်းကျဉ်းလေးသည် ပို၍ အေးချမ်းနေသည်။ ထိုစဉ် လမ်းတစ်လျှောက်ဖြတ်သွားသော လူတစ်စုသည် ဆိုင်းဘုတ်မတပ်ထားသော စားသောက်ဆိုင်ထဲမှ လူတစ်စု၏ မကျေမနပ်ပြောဆိုသံများကို ကြားရသည်။

"ဘာလို့များ သွေးအေးနိုင်ရတာလဲ သူဌေးယွမ်။ ငါတို့ ငတ်ပြတ်နေတာကို မင်း မြင်ရက်တယ်ပေါ့။ မင်း တကယ့်ကို စာနာစိတ်မရှိဘူး" ချန်ကျန်းရှီက နာကြည်းသော အမူအရာဖြင့် သူ့ဗိုက်ကလေးကို ပွတ်သပ်နေသည်။ တခြားသူများကလည်း သူ့အဆိုပြုချက်ကို ထောက်ခံဟန်ဖြင့်  ခေါင်းညိတ်ကာ သူ့ဘေးနားတွင် မတ်တပ်ရပ်နေသည်။

"သူဌေးယွမ်။ ယောက်ျားသားဆိုတာ ကတိသစ္စာတည်သင့်သလို စည်းကမ်းလဲ ရှိသင့်တယ်။ ဒါပေမဲ့ အခုတော့ မင်းရဲ့စည်းကမ်းတွေကို ငါ တကယ်မုန်းနေပြီ" ကျန်းတာ့မင်၏ မျက်နှာအမူအရာက ဇနီးသည်၏သစ္စာဖောက်ခြင်းကို ခံရသော ခင်ပွန်းသည်ကဲ့သို့ နာကြည်းမုန်းတီးသော ခံစားချက်ကို ဖော်ပြနေသည်။ 

"သူဌေးယွမ်က တကယ့်ကို အရည်အချင်းရှိပြီး စည်းကမ်းလိုက်နာတဲ့ သူဌေးပဲ" ရိယွမ် နှင့် ကျိုးရန်တို့သည် ခံစားမှုအပြည့်ဖြင့် သက်ပြင်းချကာ တစ်ပြိုင်နက်တည်း ပြောဆိုသည်။

နှုတ်ခမ်းမွှေးနှင့်အမျိုးသားက ကျသင့်ငွေကို စားပွဲခုံပေါ်တင်ခဲ့ကာ ယွမ်ကျိုးကို လက်မ ထောင်ပြသည်။ ထို့နောက် စားသောက်ဆိုင်မှ စမတ်ကျကျ ထွက်ခွာသွားသည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now