အခန်း 12

298 44 0
                                    

အခန်း 12

ငယ်ငယ်က  ‌နင်အာ ရှောင်ပေါ်ဟန် အပေါ်တကယ်မုန်းခဲ့သည်။

သူတို့၏ တိုက်တန်းတွင် အသက်အရွယ်တူ ဟူ၍နှစ်ယောက်သာ ရှိခဲ့ပြီး မျက်နှာချင်းဆိုင် တွင် အတူတကွနေထိုင်ခဲ့ကြသည်။ ရှောင်ပေါ်ဟန် မှာ သူ့မိဘများက သူ့အား တစ်ယောက်တည်းထားခဲ့သဖြင့် စိတ်ဓာတ်ကျနေမည်ကို ဖွားဖွားရှောင်  က စိုးရိမ်သဖြင့် ‌နင်အာကို ရှောင်ပေါ်ဟန် နှင့် အတူကစားရန် အထူးတောင်းဆိုခဲ့သည်။ ဒါမှ ကလေးနှစ်ယောက် အချင်းချင်း ပေါင်းသင်းဆက်ဆံပြီး သူငယ်ချင်းကောင်းတွေ ဖြစ်လာစေမှာ ဖြစ်၏။

ဖွားဖွားရှောင် က ရှောင်ပေါ်ဟန် ၏လက်ကို ကိုင်လိုက်ပြီး တံခါးခေါက်လာသည့်အချိန်ကို ‌နင်အာ သတိရမိသည် ။ ရှောင်ပေါ်ဟန် က ယခုအချိန်တွင်လည်း ယခင်ကလိုပင် ဗိုင်းကောင်းကျောင်ဖိ ဥာဏ်ရည်ထက်မြက်သူအဖြစ် ပြုံးပြလာ၏။ ထိုသို့ ပြုံးပြလာသဖြင့်နင် ပါးပါးနှင့်မားမားတို့က သူ့ကို မည်သို့ မုန်းတီးနိုင်မည်နည်း။

    နင်မားမား: "တစ်ဖက်ကိုကြည့်လိုက်စမ်း၊
ရှောင်ဟန်က ဘယ်လောက်တောင် လိမ်မာလိုက်သလဲ၊ မင်း သူနဲ့ အတူကစားရင် အနိုင်မကျင့်နဲ့အုံး"

သူက ရှောင်ပေါ်ဟန် ကို အနိုင်ကျင့်မယ်တဲ့လား။

‌နင်အာ သည် ပထမတွင် ရှောင်ပေါ်ဟန်အကြောင်း ကို အလွန်သိချင်နေပြီး သဲနှင့် ဆောက်တုံးများ အတူတူကစားကြကာ ရှောင်ပေါ်ဟန် နှင့် အမှန်တကယ် သူငယ်ချင်းဖြစ်လိုခဲ့သည်။ ရှောင်ပေါ်ဟန် ကို ရပ်ကွက်၏ ကစားကွင်းသို့ ခေါ်ဆောင်သွားကာ ဂေါ်ပြားနှင့် ပုံးကို ချလိုက်သောအခါ၊ ရှောင်ပေါ်ဟန် သည် ဘေးနားသို့ လျှောက်သွားပြီး အေးစက်သော မျက်နှာထားဖြင့် ထိုင်ကာ ဂိမ်းစက်ကို ထုတ်၍ စတင်ကစားတော့သည်။

သို့သော် မနက်ကနေ ညအထိ နင်အာကိုတစ်ချက်မှ ကြည့်မလာပေ။

‌နင်အာ က သူ့ကို အတူတူကစားဖို့ မဝံ့မရဲခေါ်ခဲ့ပေမယ့် သူက လျစ်လျူရှုခဲ့သည်။

နှစ်ယောက်သား အိမ်ပြန်ခါနီးပေမယ့် ရှောင်ပေါ်ဟန် က သူ့ကို အေးစက်စွာ ကြည့်ပြီး "ဒီနေ့ ငါတို့ ပျော်ခဲ့ရဲ့လား"

A LITTLE LOVE SONG {Complete} Where stories live. Discover now