“အထဲကို ဝင်ပြီး ပြောကြရအောင်”

“မလိုဘူး ဒီကနေ မြန်မြန်ပြန်မှာ”

ယူအီရင်းက စာရွက်အထပ်လိုက်ကို  မူယွန့်ရှေ့တည့်တည့်ကိုပစ်ချလိုက်တဲ့အတွက် မူယွန့်ခြေရင်းမှာရှိနေတဲ့ စာရွက်ပုံအထူကြီးကို သူ့ဘေးမှာရှိတဲ့ အတွင်းရေးမှူးယောက ကောက်ယူပေးရှာတယ်။ အဲ့ဒါတွေကို သူ့ဆီကို ယူလာပြပေမဲ့ မူယွန်ကတော့ မယူဘဲ ဘာတွေရေးထားလဲဆိုတာကိုပဲ အကြမ်းဖျင်းကြည့်လိုက်တယ်။

“စာချုပ်နဲ့တူတယ်”

“ဟုတ်တယ် ဒါက CEO ဆိုး ကျွန်တော့်ကို မင်းသားအဖြစ်ထောက်ခံပေးထားတဲ့ရုပ်ရှင်ပဲ”

“ဟုတ်တယ်။ ငါလုပ်ခဲ့တယ်။ သဘောတူညီချက်က မလုံလောက်လို့လား”

“ဟင့်အင်း လုံးဝမဟုတ်ဘူး”

“မင်း မလုပ်နိုင်ဘူးလား”

“လာနောက်နေတာလား”

ယူအီရင်းက မျက်မှန်ကို ချွတ်ပြီး ဒေါသမာန်ချီနေတဲ့မျက်ခုံးတွေကို တွန့်ချိုးပစ်လိုက်တော့ သူ အဲ့ဒီလိုလုပ်မယ်ဆိုတာကို မူယွန်က ကြိုတွေးထားပြီးသားဆိုပေမဲ့ သူ့ရှေ့မှာ တိုက်ရိုက်ထုတ်ပြလာမယ်လို့တော့ မတွေးခဲ့မိဘူး။
တစ်ခဏလောက် စဥ်းစားပြီးတဲ့နောက် မူယွန်က ယူအီရင်းရဲ့အနားကို တိုးကပ်သွားလိုက်တယ်။ သူ့ကို လက်မောင်းရင်းကနေ ဆွဲကိုင်လိုက်ပြီး တခြားသူတွေဘက်ကို လှည့်ကြည့်လိုက်တဲ့အခါ သူတို့က အတွင်းရေးမှူးရုံးခန်းထဲကနေ ခပ်မြန်မြန်ထွက်သွားကြရှာတယ်။ အတွင်းရေးမှူးယောက တံခါးကို စေ့နေအောင်ပိတ်ချပေးသွားတာကို မူယွန် အတည်ပြုပြီးတော့မှပဲ ယူအီရင်းကို လက်မောင်းကနေဆွဲကိုင်ပြီး သူ့ရုံးခန်းထဲကို ဆွဲခေါ်သွားပါတော့တယ်။

“CEO ဆိုး”

“မင်းက အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်ဖြစ်သလို ငါကလည်း ဒီအုပ်စုခေါင်းဆောင်ဖြစ်နေတဲ့အတွက် ဘာကို ဂရုစိုက်ဖို့လိုလဲဆိုတာကိုတော့ ရှင်းပြစရာမလိုဘူးမလား”

SponsorWaar verhalen tot leven komen. Ontdek het nu