အပိုင်း(၁၆)

Start from the beginning
                                    

“ဒီသူဌေးက ထူးခြားတဲ့ စရိုက်ရှိတာပဲ” သူဌေးကို တအံ့တဩ ငေးကြည့်နေသော မျောက်ကြီး နှင့် ချန်ကျန်းရှီကိုကြည့်ကာ ရိယွမ်က ပြုံးပြုံးရွှင်ရွှင်နှင့် ပြောသည် ။

“ထူးခြားရုံတင်မကဘဲ အဲဒီသူဌေးက သူ ချမှတ်ထားတဲ့ စည်းကမ်းကို သူကိုယ်တိုင် အရမ်းလိုက်နာတယ်"
ရိယွမ်၏ မှတ်ချက်ပြု‌သည့်အချက်နှင့် အလိုက်သင့်အောင် မျောက်ကြီးက ဆက်ပြောသည်။

ထိုင်ခုံမှာ ထိုင်နေစဉ်  မီးဖိုချောင်ထဲ အလုပ်ရှုပ်နေသော ယွမ်ကျိုးကို တလှည့်  ထမင်းကြော်စားနေသော နှုတ်ခမ်းမွေးကို မနာလိုဟန်  တလှည့် ကြည့်လိုက်သည်။

“ငါကတော့ တခြားကိစ္စတွေကို သိပ်ဂရုမစိုက်ပါဘူး။ ဟင်းလျာကအရသာရှိ နေသရွေ့ ငါ့အတွက်တော့ အဆင်ပြေပါတယ်” သပ်ရပ်စွာ ဝတ်ဆင်ထားသော ကျိုးရန်က စကားပြောသည်။

“ဟုတ်တယ်၊ အမှန်ပဲ။ အရသာရှိတဲ့ အစားအစာက အရေးကြီးဆုံးပဲ။ ဒါပေမယ့် ဘာလို့ ရေတစ်ခွက်တောင် မချပေးရတာလဲ"

ဆန်ပုံးကြီးက  ဘယ်ညာ ကြည့်လိုက်ပြီးနောက် ခွက်များ၊ ပန်းကန်များ၊ လက်သုတ်ပုဝါများ မရှိခြင်းကို သတိပြုမိသွားသည်။

"သူဌေးရဲ့ အပြောအရတော့ ကြက်ဥထမင်းကြော်ကလွဲရင်တခြားဘာမှမရဘူး။ လက်ဖက်ရည်ကြမ်းနဲ့ အရံဟင်းတွေလည်း မပေးဘူး"

စွန်းမင်က စားသောက်ဆိုင်ပိုင်ရှင်နှင့် အနည်းငယ် ရင်းနှီးသောကြောင့် ဇာတ်ကြောင်းပြောသူတစ်ဦးကဲ့သို့ ရှင်းပြပြီး မျောက်ကြီး နှင့် အလီတို့က စည်းကမ်းများကို ဖြည့်စွက် ပြောကြားသည်။
သူတို့အားလုံးက အရေးကြီးသော အချက်ကို လျှို့ဝှက်ထားသည်။

မှော်ကျောင်း‌တော်သို့ ဟယ်ရီပေါ်တာ ပထမဆုံး ဝင်ရောက်သောနေ့က စီနီယာများသည် အရေးကြီးသော အချက်များကို ပထမနှစ် ကျောင်းသားများအား မပြောပြခြင်းဖြင့် အနိုင်ကျင့်သည်။ သူတို့ အနိုင်ကျင့်ခံရ သကဲ့သို့ ဂျူနီယာများကို အနိုင်ကျင့်ရခြင်းက ကျေနပ်ဖွယ်ကောင်းသည်။

လေပေါလွန်းသော ချန်ကျန်းရှီက နှုတ်ခမ်းမွေးနှင့်အမျိုးသားကို တစ်ချက်ကြည့်လိုက်သည်။ ထိုလူသည်ကြက်ဥထမင်းကြော်ကို ရပြီးတည်းက ခေါင်းမထောင်စတမ်း စားနေသည်။ တစ်ဇွန်းပြီးတစ်ဇွန်းကို မနားစတမ်း ဆက်တိုက်စားနေခြင်းက အလွန်ထူးဆန်းသည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now