" သားနဲ့ရှိန်းကို ခေါ်လို့ရရင် ခေါ်သွားပေးပါကြီးငယ်ရယ်။
သား ရှိန်းအတွက်ပိုက်ဆံရှာပေးပါ့မယ်။ အလုပ်လဲလုပ်နိုင်နေပါပြီ။ ကြီးငယ်လဲသိရက်သားနဲ့ ။ ရှိန်းကိုကုပေးနေတဲ့ဆရာဝန်မမကပြောထားတယ်လေ ။ ရှိန်းအတွက် လူနည်းတဲ့ပတ်ဝန်းကျင်မှာနေတာပိုကောင်းမယ်တဲ့။ ကြီးငယ်သာခေါ်သွားရင် သားရယ် ရှိန်းရယ် ကြီးငယ်ရယ် သုံးယောက်ပဲနေရမှာမဟုတ်လား။ ရှိန်းငယ်က စိတ်လုံခြုံမှုကို ပိုပြီးရမယ်ထင်တယ်။ အဲလိုဆို ရှိန်းက မကောင်းတဲ့အတိတ်ကိုမေ့သွားပြီး ပျော်ပျော်ရွှင်ရွှင် နေနိုင်သွားမှာပါ။ ဒီမှာဆို သူအမြဲထိတ်လန့်နေရမှာ"

ကိုယ့်စကားအဆုံးတွင်ကြီးငယ်လည်း ငြိမ်သက်သွားရလေတော့သည်။

*
*
*
*
*
*
*
*

" ကဲ ကလေးတို့ ကြီးငယ်အိမ်က သားတို့မြင်တဲ့အတိုင်းပဲ ။ အိမ်ကျဉ်းတယ်။အခန်း ၂ခန်းပဲရှိလို့ ကျဉ်းတဲ့အခန်းမှာကြီးငယ်နေမယ်။ သားတို့က ဟိုဘက်အခန်းကျယ်လေးမှာနေ။ ရှိန်း! သားလေးအဆင်ပြေမလား "

" ပြေပါတယ်ကြီးငယ်ရယ်။ အိမ်လေးမြင်ရတာနေချင်စရာလေး "

အိမ်ရှေ့တွင်အုပ်လှေကားသုံးဆင့်ရှိသော ပျဉ်ထောင်အိမ်လေးကိုလှည့်ပတ်ကြည့်နေသောရှိန်းသည် အမြဲမြင်နေရသည့်ပုံစံနှင့်ကွာခြားစွာ ရွှင်လန်းနေလေ၏။ ကြီးငယ်အလုပ်ထွက်လာသည့်အချိန် ဂေဟာမှူးဆရာမကြီးနှင့်တိုင်ပင်ဆွေးနွေးပြီး ကိုယ်နှင့်ရှိန်းကို အပါခေါ်လာခဲ့ခြင်းဖြစ်၏။ ဂေဟာမှူးဆရာမကြီးကအလွယ်တကူ ထည့်ပေးချင်တာမျိုးတော့မဟုတ်ပေ။ ဒါပေမဲ့ရှိန်းရဲ့ကျန်းမာရေးအခြေအနေရယ်၊ ကြီးငယ်ကယုံကြည်စိတ်ချရတဲ့သူဖြစ်နေတာရယ်၊ နောက်ပြီး ဂေဟာနှင့်ကြီးငယ်၏အိမ် က အတော်ပင်နီးကပ်နေသည့်နေရာမှာရှိနေတာကြောင့်
ထည့်ပေးလိုက်ခြင်းဖြစ်သည်။ ရှိန်းကတော့ ဂေဟာကနေထွက်လာရထဲပြီဆိုထဲက အလွန်ပျော်နေပုံရလေသည်။

" ကြီးငယ် လင်းလင်းနဲ့ရှိန်းလေးကိုမွေးစားလိုက်ပြီနော်။
တရားဝင်စာချုပ်စာတမ်းဆိုတာတွေမရှိပေမဲ့ သားတို့နှစ်ယောက်က ကြီးငယ်ရဲ့သားလေးတွေပဲ။ ရှိန်းလေးလဲဘာမှအားငယ် စရာမလိုဘူး ဟုတ်ပြီလား "

Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now