🌸Part -14🌸

Depuis le début
                                    

"Ok"

CCTVထဲ၌ ရှောင်းကျန့်ဝင်သွားပြီးသိပ်မကြာ ပြန်ထွက်လာသောသူများက တခြားမဟုတ် ရိပေါ်တို့အတန်းထဲက gay၃ယောက်ပေ။ ရိပေါ် လက်သီးဆုတ်ကာ ထရပ်ကာ ထွက်သွားသည်။ ရိပေါ်ထွက်သွားသည်ကို ရှောင်းကျန့်က တားမယ်လုပ်ပေမယ့် မမှီလိုက်ပေ

"ရိပေါ် မင်းမသွားနဲ့.."

ရိုဟန်က

"လွှတ်ပေးလိုက်ရှောင်းကျန့် ဝမ်ရိပေါ် ဘာလုပ်မလဲကြည့်လိုက်ပေါ့"

"မဖြစ်ဘူး ရိပေါ်က တအားစိတ်ကြီးတာ ငါသူ့အကြောင်းကို အသိဆုံးပါ"

ဝမ်ချင်က

"ဒါဆိုလည်း မြန်မြန်တားရအောင်လေ လာလာရှောင်းကျန့်"

ရှောင်းကျန့်တို့ တားဖို့လိုက်သွားပေမယ့်မမှီတော့ပေ။ ရိပေါ် သူ့အတန်းထဲကိုဝင်ကာ ရှောင်းကျန့်ကိုပြောပြီး ရယ်မောနေတဲ့ထိုသုံးယောက်ဆီသို့သွားသည်

"ရှောင်းကျန့်က တကယ့်အူကြောင်ကြားပါကွာ ဟဟဟဟဟ"

"ဟေ့ ဟေ့ကောင် မင်းအနောက်မှာ"

"ဘာလဲ"

ဆိုကာ အနောက်လှည့်ကြည့်တော့ မျက်နှာပေါ်ပြစ်ဝင်လာသော လက်သီးချက်များ။

~ခွက် ခွက် ခွက် ခွက် ခွက်~

ရိပေါ် ဘာမှမမြင်တော့ပေ။ မျက်နှာတစ်ခုလုံးနီရဲတွတ်ကာ ထိုသုံးယောက်ကို ဆွဲထိုးနေတဲ့ရိပေါ်။ လက်သီးချက်တွေက တစ်စက္ကန့်လေးမှ ရပ်မသွားပေ။ ထိုအချင်းအရာကို တွေ့လိုက်ရသောသူများက ကြောက်လန့်နေကြပေမယ့် ဝမ်ချင်ကတော့ အံ့ဩမှုအပြည့်ဖြင့်

(ရိပေါ် ရှင်ဒေါသထွက်တာက....)

ရှောင်းကျန့် မျက်ရည်ဝဲလာသည်။ သူ့အတွက်နဲ့ တစ်ခြားသူတွေကို ထိုသို့ထိခိုက်အောင်အထိ ရိပေါ်မလုပ်ဖူးပေ။ သို့သော် အခုမြင်တွေ့နေရတဲ့မြင်ကွင်းက သူ့ဘဝအတွက်တော့ ပထမဦးဆုံးပင်။ တစ်ခါမှလည်း သူ့ကိုဘယ်သူမှဒုက္ခမပေးဖူးကြတာမို့ ရှောင်းကျန့် သူ့အပေါ်မှာထားတဲ့ရိပေါ်ရဲ့ခံစားချက် အစစ်အမှန်ပုံစံကို မတွေ့ခဲ့ဖူး။ ဒါကြောင့် ကြောင်ကာ မျက်ရည်ဝဲလျှက်ကြည့်နေသောရှောင်းကျန့်

🌸More Than Friends(သူငယ်ချင်းထက်ပိုသော)🌸[Complete]Où les histoires vivent. Découvrez maintenant