အခန်း 11

270 50 0
                                    


အခန်း 11

ဘောလုံးက ခြင်းထဲသို့ဝင်ပြီးနောက် မြေပြင်ပေါ်သို့ ပြန်ကျသွား၏ ။

ဘတ်စကတ်ဘောကွင်းတစ်ခုလုံး အေးခဲသွားကြသည်။

အခန်း 4 နှင့် 6 မှ ကစားသမားများသည် ဘတ်စကတ်ဘောကွင်းလယ်တွင် ရပ်ကာ ဤမြင်ကွင်းကို ပါးစပ်ဖွင့်ကာ ကြည့်နေကြပြီး Class 6 မှ Cheerleading အဖွဲ့မှ မိန်းကလေးများအားလုံး အံသြသွားကြသည်။ အခန်း 4 မှ Cheerleader အဖွဲ့မှ ကောင်မလေးများပင် မြေပြင်ကို ထိသွားသော ဘတ်စကတ်ဘောကို မယုံကြည်နိုင်စွာ ငေးကြည့်နေကြသည် ။အချိန်အကြာကြီး ကြည့်နေပြီးနောက် ရုတ်တရက် "နင်အာ! နင်အာ! နင်အာ!! !"

နင်အာ ကိုယ်တိုင်လည်း စိတ်ရှုပ်သွား၏။

လွန်ခဲ့သည့် နှစ်ပတ်အတွင်း အထူးလေ့ကျင့်မှုတွင် သူသည် ရှောင်ပေါ်ဟန် ထံမှ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ ဘောလုံးလုယူနိုင်ခဲ့သော်လည်း ရှောင်ပေါ်ဟန် က သူ့ကို ပြုံးပြကာ သူစမ်းကစားကြည့်သည့်အချိန်တိုင်း၊ သိပ်အလေးအနက်မထားခဲ့‌ချေ။ ဒါပေမယ့် အခုလေးတင် ရှောင်ပေါ်ဟန် က ဘောလုံးကို ဖမ်းဖို့ အလွန်အာရုံစိုက်ထားနေသည်ထဲကမှ သူက ဘောလုံးကို အဝေးကွင်းမှ ပုတ်လိုက်တာတောင် အောင်မြင်နေပြီလား။ !

ဒါ...ဒါက ဘယ်လို ဖြစ်နိုင်လဲ။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ..."

နင်အာက မသိလိုက်ဘဲ တိုးတိုးရွေရွတ်မိလိုက် သည်။

ရှောင်ပေါ်ဟန် သည် မြေပြင်ပေါ်သို့ ကျလာသော ဘောလုံးကို စိုက်ကြည့်နေမိသည် ။ရုတ်တရက် ထိုစကားများ သူ့နားထဲသို့ ရောက်လာသည် ။သူ ရုတ်တရက် နီရဲလာပြီး ရှက်စိတ်ဖြင့် ဒေါသ ထွက်သွားကာ စိတ်ပျက်လက်ပျက် ပြေးထွက်သွားသည်။

‌နင်အာ: "...?"

ရှောင်ပေါ်ဟန် ဒေါသထွက်နေပြန်ပြီလား။

အတန်း 4 မှလူတိုင်းသည် ‌နင်အာ ၏ကျွမ်းကျင်မှုကိုသိကြသည်ပင်၊ အကြောင်းမှာ သူက ကျောင်းမြက်လေးတစ်ယောက်ဖြစ်ပြီး မိန်းကလေးများကြားတွင် အလွန်ရေပန်းစားကာ နာမည်ကောင်းရသောကြောင့် အတန်း 6 မှလူများသည်သူ၏ ဘတ်စကတ်ဘောကစားနည်းကိုသိကြသည်။ သူ တကယ်ကို ရှောင်ပေါ်ဟန် ရှိနေသည့်ကြား ထံမှ အမှန်တကယ် ဂိုးသွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။လူတိုင်းက ထိုအရာအား မတော်တဆ ဟု ထင်မိလိုက်ကြသည်။

A LITTLE LOVE SONG {Complete} Where stories live. Discover now