အပိုင်း ၂၂

Start from the beginning
                                    

မယ်တော်ကြီးက ဒေါ်သထွက်သွားတာ

"မင်းလိုလူမျိုးက
ဒီလိုအပေးအယူမျိုးလုပ်ရဲသေးတယ်ပေါ့ !!!"

ထိုလူက မယ်တော်ကြီးရဲ့ ဒေါသကိုမကြောက်လန့်ဟန်ဖြင့်

"၃ ရက်အချိန်ပေးပါ့မယ်
ကျွန်တော်မျိုးက အတင်းမတိုက်တွန်းတာမို့
မယ်တော်ကြီးကိုယ်တိုင်
ဆုံးဖြတ်တာကိုပဲနားထောင်ပါ့မယ်"

ထို့နောက် ထိုအမျိုးသားဟာ
မယ်တော်ကြီးကို ဦးညွှန့်လျက်
နန်းဆောငျထဲက လွတ်သွားခဲ့သည်။
ထိုအချိန် ချင်းဟွာက
မယ်တော်ကြီးဆီအပြေးရောက်လာပြီး...

"မင်းကြီးရဲ့ နန်းဆောင်တို့ လိုက်ကြည့်ပေးပါဦး မယ်တော်ကြီး"

မင်းကြီး ရဲ့ နန်းဆောငျကို မယ်တော်ကြီးနဲ့အတူ
ချင်းဟွာ လျန်အာတို့ရောက်လာတော့
မင်းကြီးက အပြစ်ကင်းစွာ အိပ်စက်နေလေပြီ
မျက်နှာတစ်ခုလုံးကလဲ
သွေးမရှိသလိုဖြူဖျော့နေလေသညျ။
ဘေးမှကြင်ယာတော်နှစ်ပါးဟာလဲ မင်းကြီးကို
စောင့်ကြည့်ပေးနေကြသည်

"မင်းကြီး...
ဒါကဘယ်လိုဖြစ်ရတာလဲချင်းဟွာ!!!"

"ကျွန်တော်မျိုးမလဲ အခုချိန်ထိ အခြေအနေကိုသေချာမသိ ..."

"သိသလောက်ပြော!!!"

"စိတ်ငြို့ ခံထားရတာပါ ဆေးခတ်ပြီးစိတ်ငြို့ ထားတာ"

"တောက်!!! လုပ်ရဲတဲ့သူကို တှေ့လို့ကတော့ အရှင်မထားဘူး ငါကိုယ်တိုင်သတ်ဖြစ်မယ်"

ထိုစကားကို ကြင်ယာတော်ရှင်းအား တည်တည်ကြည့်၍ပြောလိုက်သည်မို့ ကြင်ယာတော်ရှင်းက မူပိုကာ ငိုယိုပြလေသည်။

"ဟင့်...ဟင့် ဘယ်လိုလူမျိုးကများ
မင်းကြီးကိုဒီလိုလုပ်ရဲရတာလဲ မင်းကြီး.. ဟင့် ကျွန်တော်မျိုးမ
စိတ်မကောင်းဖြစ်လွန်းလို့ ဘယ်လိုလုပ်ရမလဲ၊"

ရှောင်ကျန့်ကတော့ အားလုံးထဲမှာ ဘာမှမပြောပဲ
တိတ်ဆိတ်လို့နေလေသည်။
မင်းကြီးကိုသာကြည့်ရင်း
အသံတိတ် မျက်ရည်များကျလို့နေပေ၏။

မယ်တော်ကြီးက ဒါကိုကြည့်ကာ
စိတ်မကောင်းဖြစ်သွားဟန်ဖြင့်

အဆိပျ အဆိပ်Where stories live. Discover now