"...."

"ကျွန်တော့်ကို ကူညီပါ "

လိုချင်တာရှိရင်တော့ လူကြိုက်အောင် ကျွန်တော်လို့ သုံးနူန်းပေးတာ တကယ့်ကိုအလည်လေးပါ

"ဟုတ်ပါပြီ ကိုယ်ကူညီမယ် ဒါပေမယ့်ရွာထဲကလူတွေကအလကားဆို ကူညီမှာမဟုတ်ဘူး"

"အင်းအက်တော့ "

"ကိုယ့်မှာ နည်းလမ်းရှိတယ် "

နည်းလမ်းဆိုပြီး စာရွက်တစ်ရွက်ကိုယူပြီး
တခုခုရေး၍ ဆိုင်ရှေ့မှာ ကပ်ထားလိုက်၏
ထိုမှလူတွေခနခနလာပြီး ကူညီပေးတာကြောင့် လူက ပြည့်လွန်းလို့လျှံနေတာကြောင့် ရာချီတို့စင်ထိုးဖို့အတွက် အဆင်ပြေသွားပြီး
အလှူခံကောက်ဖို့အတွက်သာ လုပ်ရတော့မည်။

ကပ်ထားတဲ့စာကလည်း
"ဘုရားပွဲအတွက်စင်ထိုးပေးပါက ပေါင်ထားတဲ့ပစ္စည်းအလကားပြန်ပေးပါမည်" တဲ့

"လာမည့် 25 ရက်နေ့တွင် ရွာဦးကျောင်းတွင်ဘုရားတည်ဖို့နဲ့ ထမင်းများကျွေးရင်အတွက် အလှုခံပါသည်ခင်ဗျာ "

"ရွာသူရွာသားတို့တွေ စေတနာရှိသလောက်လှူနိုင်ပါသည်"

လော်ကို လှည်းနဲ့ တွန်းပြီး အော်နေခြင်းသာ
ငယ်ငယ်က နှစ်ယောက်သား မိုက်လုကြပေမယ့်ကြီးလာတော့လည်း မိုက်မကိုင်ချင်တာကြောင့် ဟိုလူပြောဒီလူပြောဆုံးဖြတ်ကြသည်။ မိုက်က လည်း ရာချီရသွားမှ နောက်တစ်ချောင်းလာပေးတာကြောင့် ကျန်စစ်ပါအော်ရတော့သည်။

"စေတနာမရှိလဲလှူ"

"ရာချီမင်းပြောတဲ့ပုံစံက ဘယ်သူမှလှူချင်မှာမဟုတ်ဘူး "

"ဘုရားပွဲအတွက်မလှူရင် သူတို့ဘဲ ငရဲရမှာလေ"

"မလှူချင်တဲ့လူကိုလှူအောင်သွားပြောလို့ရမလား "

တော်တော်ဆရာကြီးလုပ်တဲ့ကျန်စစ် ဒီအချိန်မှာ ကိုယ့်ဘက်ကသာအရင်ရန်စရင်ကိုယ်ဘဲပြောခံရမှာမို့သာ ငြိမ်နေရတာ။

"ငါပြောပြမယ် မင်းအရင်က ကပ္ပိယ အော်တာ ကြားဖူးတယ်မလား အက်လိုအော်ပြမယ်"

"အော်ကွာအော်အော် "

လွတ်သားထားလိုက်တော့သည် အဓိက က သူမအော်ရဖို့အရေးကြီးတယ်။

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now