"ဗျာ!"

"ငါမင်းကိုလုံးဝမသင်္ကာဘူးနော်သုတ မင်းဘာတွေကြံနေတာလဲ"

"ကျွန်တော်ဘာမှမကြံပါဘူး"

"သား...အဆင်ရောပြေရဲ့လားကွယ် သားကခုနောက်ပိုင်းအမေတို့ကို ဘာတွေလာမှာနေမှန်းမသိဘူး သားပြောနေပုံက သားပဲအဝေးကိုထွက်သွားတော့မဲ့ပုံနဲ့ အမေတို့ဒါတွေမလိုဘူး သားအိမ်ထောင်ရေးအဆင်မပြေလဲပြန်လာခဲ့ အမေအသုပ်ရောင်းတာပဲဖြစ်ဖြစ်ထမင်းရောင်းတာပဲဖြစ်ဖြစ် တစ်နိုင်စီးပွားရေးလေး လုပ်ပြီးရှာကျွေးမယ်။ပေါက်ကရတွေမလုပ်ပါနဲ့သားရယ်"

"သားအဆင်ပြေပါတယ်"

"သုတ! အဖေ့ကိုကြည့်စမ်း မင်းငါ့ကိုလိမ်လို့မရဘူး မင်းပုံကြည့်ရတာယိုင်နဲ့နဲ့ ဖြစ်နေတာ မျက်လုံးတွေကလည်းအသက်မရှိသလိုပဲ။"

"ကျွန်တော်အဆင်ပြေပါတယ်"

တင်!

ဖုန်းကnotiတက်လာတာကြောင့် ကြည့်လိုက်တော့ ဟိုလူ့ဆီကပဲ

"ကျွန်တော်ပြန်တော့မယ်နော်! အဖေနဲ့အမေ ကိုကျွန်တော်ကန်တော့မလို့"

"အေးပါ ငါ့သားလေးကျန်းမာပါစေ ချမ်းသာပါစေ လိုအင်ဆန္ဒတွေလည်း ပြည့်ပါစေ"

"ပေးတဲ့ဆုနဲ့ပြည့်ပါစေအမေ"

"ငါ့သားကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒပြည့်ပါစေ ဟုတ်ပြီလား"

"ဟုတ်ကဲ့အဖေသွားပြီနော်"

ကားထဲရောက်တာနဲ့ ကားထိုင်ခုံအောက်မှာ
ဖွက်ထားတဲ့စာအုပ်အသေးလေးကိုထုတ်လိုက်တယ်။ထို့နောက်မှာတော့ ထိုစာအုပ်ထဲမှာရေးထားတဲ့အချက်သုံးချက်ထဲက ပထမဆုံးအချက်ကိုအမှန်ခြစ် ခြစ်လိုက်တယ်။[မိသားစုကိုပုံမှန်ဝင်ငွေနဲ့မပူမပင်ရအောင်ထားခဲ့မယ်]

"ပထမအချက်တော့ပြီးသွားပြီ"

ထို့နောက်မှာတော့ကားလေးကိုမောင်းထွက်ရင်း အတွေးအချို့နယ်ချဲ့လိုက်တော့တယ်။

5နှစ်!5နှစ်တောင်ကြာခဲ့ပါရောလား။အချိန်တွေအရမ်းမြန်မြန်ကုန်ခဲ့ပေမယ့် ကျွန်တော့်ဘဝကတော့ ဘာမှမတိုးတက်လာတဲ့အပြင်အခြေအနေကပိုပိုဆိုးလာခဲ့တယ်။
ဦးဝဏ္ဏမင်း က သားလေးမွေးပြီးထဲက သူ့မြေးနဲ့သူတင်တိုင်ပတ်နေပြီး ကျွန်တော့်ကိုပြဿနာအရင်လောက်မရှာပေမယ့် နောက်ပြဿနာ ကတော့တိုးလာပြန်ပြီ။နောက်ပြဿနာက ကိုမျိုးသစ်။ ပိုက်ဆံခဏခဏတောင်းတဲ့အပြင် ခုနောက်ပိုင်းဆိုမထိတထိလုပ်လာပြီး တော်တော်ရဲတင်းလာတယ်။သူကခဏခဏတောင်းလွန်းတော့ ကိုယ်လည်းဆေးရုံသွားမပြဖြစ်တော့ဘူး။ အဲ့တော့ကိုယ့်စိတ်ရောဂါကို ကြုံရာဆေးသောက်ပြီးဖြေရှင်းနေတော့ ခုနောက်ပိုင်းပိုပိုဆိုးလာတယ်။ ကျွန်တော်လည်း ဘယ်ဘဝက ဝဍ်ကြွေးတွေပါလာလဲမသိတော့ပါဘူး။တစ်ပူငြိမ်းတာနဲ့ နောက်တစ်ပူကပေါ်လာပြန်ရော။

LOVE POISON { Season 1 }Where stories live. Discover now