အမှန်တော့ ရှိန်းက ပြောချင်သည်ဆိုတာတောင် ကိုယ့်အနေဖြင့် နားထောင်ဖို့မဝံ့ရဲတော့ချေ။ ဒီကောင်လေး၏နာကျင်စရာအတိတ်တွေကို အကြားအာရုံဖြင့်လည်းမကြားနိုင်။နှလုံးသားဖြင့်လည်းမခံစားနိုင်။ ရှိန်းနှင့်ပတ်သက်လျှင် ကိုယ်ကစိတ်နုလွန်းလေသည်။

" ငါ ပြောချင်တယ်အလင်း။ ငါ့ရဲ့နာကျင်စရာအတိတ်တွေကို မင်းရှေ့မှာတော့ ဖွင့်ပြောပြပြီး စိတ်ရှိလက်ရှိပြိုလဲလိုက်ချင်တယ်"

အရာအားလုံး ဒီကောင်လေးစိတ်တိုင်းကျ အလိုလိုက်ချင်သူမို့သူပြောလာမည့်စကားကိုသာ နာကျင်စွာနားထောင်ဖို့အားမွေးလိုက်ရသည်။

" အသက်၂၀ကျော်အရွယ် ခပ်ချောချောအစ်ကိုကြီးက ငါ့အပေါ်သိပ်ကောင်းတာပဲ။ ငါ့အမေကဆူပူတိုင်း သူလာခေါ်ပေးတယ်။ ငါပထွေးကရိုက်ပုတ်တိုင်း သူဝင်ဆွဲပေးတယ်။ကြာလာတော့ ငါ့အတွက် သူကတန်ခိုးရှင်တစ်ယောက်လိုအားကိုးရာဖြစ်လာခဲ့တယ်။ ၇ နှစ်ကျော်အရွယ်ကလေးတစ်ယောက်အတွေးကသိပ်ရိုးရှင်းပါတယ်။ အခြားယောကျ်ားတစ်ယောက်က သူကိုထွေးပွေ့ပေးတဲ့အခါ နာကျင်စရာတွေကိုပျောက်အောင်ချော့နေတယ်လို့ပဲထင်ခဲ့တာ "

ရုတ်တရက်ဆိုသလို စကားသံကရပ်တန့်သွားရ၏။ ရှိန်းကိုယ် တိုင်လည်း အတိတ်ဆိုးရဲ့အဆိုးဆုံးအခြေအနေကိုပြန်ပြောဖို့အားယူနေပုံရလေသည်။

" တစ်နေ့တော့ အိမ်မှာ ငါ့ပထွေးနဲ့ငါ့အမေ,မရှိတုန်း အဲကောင်က ငါ့အခန်းထဲဝင်လာတယ်။ အစပိုင်းမှာငါ့ကိုစကားပြောတယ်။ နောက်ပြီး နောက်ပြီး ငါ့အသားကိုပွတ်သပ်တာမျိုးတွေလုပ်တယ်။ အဲတုန်းက ငါကြောက်နေတာကိုမှတ်မိနေသေးတယ်။ နောက်တော့ ပိုပြီးအဆင့်တက်လာတယ်။ အိမ်မှာလူကြီးတွေမရှိတာကို သိနေတဲ့အဲခွေးကောင်က အင်အားချင်းမမျှတဲ့ကလေးတစ်ယောက်အပေါ်မှာ အင်အားသုံးပြီးဆက်ဆံဖို့ကြိုးစားတော့တာပဲ။ သူ့ပါးစပ်ကနေ ငါမကြားဖူးတဲ့ ငါနားမလည်နိုင်တဲ့ စကားတွေအများကြီးပြောနေသေးတယ် "

ဒီတစ်ခါမှတော့ လင်းမြတ်တစ်ယောက် ရှိန်းကိုသာ ရင်ခွင်ထဲဆွဲသွင်းဖက်ပေးထားမိတော့၏။ ကိုယ်ရင်ခွင်ထဲကို အလိုက်သင့်ပါလာသောထိုကောင်လေးသည် ကိုယ့်ပခုံးပေါ်သူ့ပါးအပ် ထားလေ၏။ အကျႌကိုဖောက်ပြီး စိုလာသည့်အထိအတွေ့ကြောင့် ရှိန်းငိုနေမှန်းသိလိုက်သည်။

Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now