Chapter 24

248 52 4
                                    

အာသာကပြုံးကာ ဖြည်းညှင်းစွာခေါင်းကိုမော့လာပြီး သူ့အမူအယာမှာ မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေ၏။

ယန်ရွှယ်ရှန်မှာ အကျွမ်းတဝင်ရှိနေသောခံစားချက်တစ်ခုကို ခံစားလိုက်ရတော့သည်။တွေးတောကြည့်ပြီးသည့်နောက်တွင်တော့ အာသာက သူ့အားဤသို့အမူအယာမျိုးပြသခဲ့ဖူးခဲ့သည့် နောက်ဆုံးတိုက်ပွဲမတိုင်မီညကနှင့် အလွန်အမင်းဆင်တူလွန်းနေဟန် ရှိလေသည်။

အာသာကဘာတစ်ခုမှမပြောသည်ကိုမြင်လျှင် ယန်ရွှယ်ရှန်က မေးလိုက်၏။

"မင်းအဖြေက ဘာလဲ?"

အာသာမှာချက်ချင်းဆိုသလို တည့်မတ်ဖြောင့်တန်းစွာ ထိုင်လာတော့သည်။

"ရတယ်! မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး ကျွန်တော်ဆိုလိုတာက လက်ခံတယ် လက်ခံတယ်!ကျွန်တော်က လိုလိုလားလားရှိတယ်! သေချာပေါက်ကို လိုလိုလားလားရှိတာ!"

ယန်ရွှယ်ရှန်က ကြည်လင်ကာစစ်မှန်သောအကြည့်ဖြင့် သူ့အားကြည့်လာပြီး အာသာ၏ထိုင်နေသောကိုယ်ဟန်အနေအထားကြောင့် ခေါင်းလေးကိုအတန်ငယ်စောင်းကာ စူးစမ်းချင်စိတ်ပြင်းပြစွာဖြင့် မေးလာတော့သည်။

"မင်းကအမြဲတမ်း အရမ်းစကားပြောကောင်းတာလေ အခုမှ ဘာလို့အထစ်ထစ်အငေါ့ငေါ့ဖြစ်နေရတာလဲ?"

အာသာမှာရှက်ရွံ့လာတော့သည်။သူပြန်ဖြေတော့မည့်အချိန်တွင် ယန်ရွှယ်ရှန်ကရုတ်တရက်ကြီးနားလည်သွားကာ ပြောလာတော့သည်။

"အိုး အခုငါသိသွားပြီ အဲ့တာကငါ့ကြောင့်ပဲ ဟုတ်တယ်မလား?"

အာသာ၏မျက်နှာက ချက်ချင်းဆိုသလို နီရဲလာတော့သည်။

ယန်ရွှယ်ရှန်ကသူ့ကိုယ်သူကျေနပ်စွာဖြင့် ပြောလိုက်၏။

"ကြည့်ရတာတော့ ငါမှန်တဲ့ပုံပဲ မင်းမျက်နှာက တကယ်နီရဲလာတယ်"

အာသာကတောင့်တင်းသွားကာ ပြောလာလေသည်။

"ရှစ်ဖူ အခုကျွန်တော့်ကိုပြောနေတာတွေက ကျွန်တော်နဲ့ပရောပရည်လုပ်နေတာနဲ့ညီမျှတယ် အဲ့တာကိုသတိထားမိရဲ့လား?"

After Winning This Battle, I Will Go Home And Get Married || ဘာသာပြန်Where stories live. Discover now