Chapter 8

332 91 6
                                    

| ကျွန်တော့်ကိုလက်ထပ်တာက အတော်လေးကိုအကျိုးရှိတာနော်~ |

ထိုအချိန်တွင် ယန်ရွှယ်ရှန်မှာစစ်သင်တန်းကျောင်းတက်နေစဉ် နည်းဗျူဟာပိုင်းခြားစိတ်ဖြာမှုလေ့ကျင့်ခန်းအတန်းအတွင်း၌ သူရရှိခဲ့သောအကြောက်တရား၊သူ့စိတ်ဝိညာဉ်ထဲ၌ နက်ရှိုင်းစွာမြုပ်ဝင်နေခဲ့သော အကြောက်တရားတစ်ခုကို ပြန်လည်တွေးတောလိုက်မိ၏။

လျို့ဝှက်ပူးပေါင်းကြံစည်မှုတစ်မျိုးမျိုး ရှိနေခဲ့သည်ဟု သူခံစားနိုင်ခဲ့သော်လည်း ဘာလဲဆိုသည်ကိုတော့ သူတကယ်မပြောနိုင်ခဲ့ပေ။သူကဤရှုထောင့်၌ ပါရမီမရှိခဲ့။ထိုအချိန်က နည်းဗျူဟာပိုင်းခြားစိတ်ဖြာမှုအတန်း၏ဆရာက ယန်ရွှယ်ရှန်စစ်မှုထမ်းပြီးနောက် တစ်နှစ်ပင်မပြည့်သေးသည့်အချိန်တွင် နိုင်ငံအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံလိုက်မည်ကို အလွန်ပင်စိုးရိမ်ပူပန်ခဲ့လေသည်။

မည်သို့ပင်ဖြစ်စေ စစ်ပွဲ၌ တစ်ယောက်ချင်းစီ၏တိုက်ခိုက်မှုအင်အားက ကြီးမားသောစစ်တပ်တစ်ခုနှင့်နှိုင်းယှဉ်ပါက အသေးအဖွဲ့ပင်ဖြစ်ကာ အရေးမပါလှပေ။

ဒီနှစ်တွေတစ်လျှောက်လုံးမှာ ယန်ရွှယ်ရှန်ကဘာလို့များ ရာထူးတိုးမှုကိုမရယူခဲ့ရတာလဲ?

ပထမအချက်မှာ သူ၏ခေါင်းထဲ၌ (ဇီဝကမ္မအရ) နာမကျန်းဖြစ်နေသောကြောင့် ရာထူးတိုးရန် ဆန္ဒမရှိခြင်းသာဖြစ်သည်။

ဒုတိယအချက်မှာတော့ လုပ်ငန်းခွင်ရှိတရားဝင်လမ်းကြောင်း၏အကွေ့အကောက်များနှင့် လှည့်ကွက်များကိုနားမလည်နိုင်ခြင်းကြောင့်ပင်။လူလူချင်းပြောဆိုဆက်ဆံမှုဆိုင်ရာ ကိစ္စရပ်များနှင့် မရိုးမသားလိမ်လည်လှည့်ဖြားသောစရိုက်များကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိခဲ့ပေ။

ကံကောင်းစွာဖြင့် ယန်ရွှယ်ရှန်မှာမကြာခဏဆိုသလို သဘောပေါက်နားလည်နိုင်ခြင်းမျိုးမရှိသော်လည်း သူ့တွင်စူးရှသောဝမ်းတွင်းအသိရှိပြီး ရှေ့၌အန္တရာယ်ရှိ၊မရှိကို ထိုအလိုလိုသိစိတ်ကပင် ပြောပြလေ့ရှိ၏။

After Winning This Battle, I Will Go Home And Get Married || ဘာသာပြန်Where stories live. Discover now