"မဟုတ်တာ ကျနော်လဲ ဒီအိမ်ကြီးရဲ့အလုပ်သမားပဲလေ ဒီတိုင်းအဆင်ပြေသလိုခေါ်ပါဗျ "

"မရလို့ပါ ‌အကိုလေး သူဌေးရဲ့အမိန့်မလို့ပါ"

ရိပေါ်ထက်အသက်အများကြီးကြီးတဲ့အိမ်တော်ထိန်းကပါ ရိပေါ်အား"အကိုလေး"လို့သုံးနှုန်းလာတာကြောင့်နောက်ဆုံးမှာလက်လျော့လိုက်ရတော့သည်

ထပ်ပြီးအိမ်‌တော်ထိန်းကသူဌေးအခန်းကိုပြကာ လုပ်စရာကိစ္စများကိုပြောပြသည် အိမ်တော်ထိန်းရဲ့အမည်မှာ မင်ယွဲ့ယီ ဖြစ်သည်အသက်ငါးဆယ်စွန်းစွန်းရှိပြီဖြစ်ပြီးနု‌ပျိုစဲအပျိုကြီးလဲဖြစ်သည်  ပြောပြချက်တွေအရ သူဌေးဆိုသူဟာ မိဘတွေနဲ့ခွဲနေတာဖြစ်ပြီး မိဘများမှာလဲ မွေးရပ်မြေထက်နိုင်ငံခြားမှာအခြေချနေသည်ကများလေသည်တဲ့ အခုချိန်ဟာ ရုံးသွားချိန်ဖြစ်သည်မို့ အခန်းရှင်းလင်းပေးပြီး ညနေအိမ်ပြန်လာချိန်တွင်ဝတ်ဖို့နဲ့ ညအိပ်ဝတ်စုံကိုအိပ်ယာပေါ်တွင်အဆင်သင့်‌ပြင်ပေးထားရမှာဖြစ်သည်

ရိပေါ်ရဲ့အဖြစ်ဟာ ကိုယ့်အလုပ်ရှင်ရဲ့နာမည်လဲမသိ ဘာမှသေချာရေရာမသိတဲ့ဘဝဖြစ်နေရသည် အိမ်တော်ထိန်းအားလည်းမမေးမိ မေ့သွားတာလည်းပါပေလိမ့်မည်  ပထမဆုံးနေ့မို့လုပ်စရာသိပ်မရှိပေ သို့သော်လဲလုပ်စရာရှိတာလုပ်ပေးထားလိုက်သည် လက်ပတ်နာရီများအားအသစ်ဝယ်ထားပုံပေါ်သည်  စာပွဲပေါ်တွင်အခုထိမသိမ်းရသေးဘဲပါကင်အတိုင်းရှိနေသေးသည် ရိပေါ်ဟာအခန်းထဲကိုသန့်ရှင်းပီ့းတာနဲ့ နာရီစင်ထဲသို့ နာရီများအားနေရာချကာ ပါဆယ်ပုံးလေးများအားအင်္ကျီစင်၏ အပေါ်သို့တင်ရန် မမှီတာကြောင့်ခြေဖျားထောက်ကာတင်နေရသည် နာရီဗူးငါးဗူးမို့ အစဉ်လိုက်ထပ်ကာတင်ဖို့လုပ်နေသည်ငို့သော်လည်းမြင့်လွန်းသော ဗီဒီုကြောင့်ခြေဖျားထောက်ရုံနဲ့မရတော့ ဘေးမှာထားသောခုံပုလေးအားယူကာ တက်ရန်ကြံလိုက်သည်

"ဘာလို့အဲ့လောက်တောင်ခက်ရတာလဲ "

ခုံခုရသည့်အပြင်ခြေဖျားပါထောက်ရ‌တာကြောင့်အဆင်မပြေလှကံဆိုးစွာနဲ့ ဗူးတွေကလွတ်ကျကာ လူကပါအနောက်သို့‌ယိုင်ကျကာချော်လဲတော့သည် တဆက်တည်းမျက်ဝန်းတွေလည်းမှေးမှိတ်ထားပြီးသား

Promise Where stories live. Discover now