အပိုင်း(၁၄)

Start from the beginning
                                    

“ဒါက မင်းရဲ့ ကြက်ဥထမင်းကြော်။ သုံးဆောင်လို့ ရပါပြီ" ယွမ်ကျိုးက ပုံမှန်အတိုင်း ကြက်ဥထမင်းကြော်ကို အမြန်ကြော်လိုက်သည်။

"ကျေးဇူးတင်ပါတယ်"

ယင်းယာသည် တယ်လီဖုန်းကိုချကာ ယွမ်ကျိုးကို ယဉ်ကျေးသောအပြုံးဖြင့် မော့ကြည့်လိုက်သည်။ ထို့နောက် သူမသည် ထမင်းကြော်စားရန်  ဇွန်းကို ကိုင်လိုက်သည်။

ရွှေရောင်ကြက်ဥထမင်းကြော် နှင့် အစာစားချင်စိတ် မဖြစ်ပေါ်သေးသော စိတ်အခြေအနေ

“မွှေးလိုက်တာ…”

ကြက်ဥထမင်းကြော်၏ ရနံ့က သူမနှာခေါင်းထဲသို့ ဝင်ရောက်သွားသော အခိုက်အတန့် သူ့ပါးစပ်မှ သွားရည်များ စီးကျလာသည်။ သူမ၏နှလုံးသားထဲမှာ ‘စားလိုက်တော့’ ဟူသော အတွေးတစ်ခုတည်းသာ ရှိသည်။

ဇွန်းက ပန်းကန်ကို ထိလိုက်သောအခါ ကြည်လင် ငြိမ့်ညောင်းသော အသံထွက်ပေါ်လာသည်။ ထမင်းကြော် နဲ့ကြက်ဥကို ကောင်းမွန်စွာ ရောကြော်ထားသော ကြက်ဥထမင်းကြော် ပထမတစ်ဇွန်းက သူ့ခံတွင်းထဲ ဝင်ရောက်သွားသောအခါ သူမ၏ခန္ဓာကိုယ်မှ ဒွါရပေါက် အားလုံး ပွင့်သွားပြီး ဂျင်းဆင်း စားရသကဲ့သို့ ခံစားချက် ဖြစ်ပေါ်လာသည်။

ပထမတစ်ဇွန်းစားပြီးနောက် မကောင်းသတင်း ဖြန့်ဝေမည့် အကြံအစည် အားလုံး ပြယ်လွင့်သွားသည်။

"အရမ်းကောင်းတယ်"ဟူသော စကားတစ်ခွန်းတည်းကိုသာ သူမ ပြောနိုင်သည်။

ယင်ယာ၏မိဘနှစ်ပါးစလုံးသည် ကျောင်းဆရာများဖြစ်ကြ၍ ယင်ယာသည် ငယ်စဥ်ဘဝတည်းက ကောင်းကောင်းမွန်မွန် ကြီးပြင်းခဲ့သည်။ ထို့အပြင် သူမ၏ လစာကောင်းသောကြောင့် ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းနိုင်သည်။ သူမ၏ နေ့စဥ်လူနေမှုဘဝက အဆင်ပြေချောမွေ့လွန်းသည်။ တစ်ခါတစ်ရံ ယင်ယာသည် ထူးခြားသော စားကောင်းသောက်ဖွယ်များ စားသောက်ခြင်းဖြင့် သူမကိုယ်သူမ ဂုဏ်ပြုလေ့ရှိသည်။ ယွမ် ၂သောင်း၊ ၃သောင်းခန့် ကုန်မည်ဆိုလည်း သူမက နှမြောနေမည် မဟုတ်ချေ။

အမျိုးသားထုကြီး၏ ပိုးပန်မှုကို ခံယူထားသော မိန်းမချောလေး အနေဖြင့် လတ်ဆတ်လှပသော ပန်းစည်းများ နှင့် ဝိုင်ကောင်းကောင်းများကို မလွဲဧကန်  လက်ဆောင်ရဖူးလိမ့်မည်။ သို့တိုင် ဤကြက်ဥထမင်းကြော်လောက် အရသာကောင်းသော ဟင်းလျာကို သူမ မမြည်းစမ်းဖူးပေ။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now