အခန်း 10

Start from the beginning
                                    

လူအုပ်ထဲမှ ရုတ်တရက် ထွက်လာပြီး  ကြမ်းတမ်း ပြတ်သားသော လက်သီးတစ်ချက်ဖြင့် သူ့အားထိုးလိုက်သည် ။ အတန်း 10 မှ ကျောင်းသား သည် ခြေလှမ်းနှစ်လှမ်း ယိုင်သွား၏ ။ သူပြန်မထနိုင်ခင်မှာ တစ်စုံတစ်ယောက်က သူ့ကို ကော်လာကိုဆွဲကိုင်လိုက်ပြီး ရှေ့ကိုဆွဲထုတ်လိုက်သည်။
   
  ခြေလှမ်းသုံးလှမ်းလောက် ယိမ်းထိုးသွားပြီး ခေါင်းကိုငုံ့ကြည့်လိုက်တဲ့အခါ  ကောင်လေးက အေးစက်တဲ့မျက်လုံးတွေနဲ့ သူ့ကိုကြည့်နေ၏- "ငါ့ကို ထပ်ပြော၊မင်းကို ဘယ်ကောင်က လက်စွပ်ဝတ်ခွင့်ပေးထားတာလဲ!”

အခန်း 10 ၏ ထို ကျောင်းသားသည်190cm ရှိကာ ရှောင်ပေါ်ဟန်ထက်အရပ်  မြင့် သော်လည်း ယခုအချိန်တွင် ရှောင်ပေါ်ဟန်ကသူ ၏အဝတ်အစားများက ဆွဲထားရာ သူ ဗလာသက်သက်  စိုက်ကြည့်နေမိပြီး စကားတောင် ပြန် ပြောခြင်းမရှိပေ။

ခဏအကြာတွင် အတန်း 10 မှ တစ် ယောက်ယောက်က "မင်း ဘာလို့ လူရိုက်နေတာလဲ"

အတန်း 10 အားကစားကော်မတီအဖွဲ့ဝင်တစ်ဦးက ရှောင်ပေါ်ဟန်အား  လက်သီးဖြင့် ထိုးလာခဲ့သည်။ ရှောင်ပေါ်ဟန်က  သူ့ခေါင်းကို ဘေးသို့လှည့်ကာ ရှောင်လိုက်ပြီး ခန္ဓာကိုယ်ကို ပြန်ငြိမ်အောင်ထိန်းလိုက်သည်။
   
သူ့ထက် သန်မာတဲ့ ဒီအရပ်ပိုရှည်တဲ့ ထိုလူအား ကြောက်နေသည့်ပုံပေါ်မနေသလို လှောင်ပြောင်ပြီး လက်ခုပ်တီးလိုက်ကာ 
    “ထိုးခံချင်‌နေတာလား ငါကူညီ‌ပေးမယ်‌ လေ”

ဒိုင်လူကြီးက သူတို့အားအမြန်ဆွဲထုတ်လိုက်၏။

အခန်း 10 မှ အဖွဲ့ဝင်များသည် ရှောင်ပေါ်ဟန် ၏ အမည်ကို ကြားဖူးကြသော်လည်း နှစ်ဖက်ကြားတွင် အရင်က ပဋိပက္ခ မရှိခဲ့ဖူးပေ။

အတန်း 10 အားကစားကော်မတီအဖွဲ့ဝင်သည် နောက်ထပ်အကြိမ်အနည်းငယ် ကျိန်ဆဲပြီးနောက် ဒိုင်လူကြီးစကားကို နားထောင်ကာ လက်ညှိုးမှ ငွေလက်စွပ်ကို ချွတ်လိုက်သည်။

ရှောင်ပေါ်ဟန် က နင်းအာ၏လက်ကိုဆွဲကာ ရှေ့သို့ဆွဲခေါ်သွားလိုက်သည်။ သူ့မျက်နှာမှာ ဘာအမူအရာမှမရှိသလို အေးစက်လွန်းတာကြောင့်  ဘယ်သူကမှ သူ့ကို ဘာလုပ်မလို့လဲလို့ မေးဖို့ရာ စိတ်မကူးရဲကြ။

A LITTLE LOVE SONG {Complete} Where stories live. Discover now