အခန်း 10

289 44 0
                                    

အခန်း 10

ဆူညံသောလူအုပ်သည် ကစားကွင်းကို အုံလိုက်ကျင်းလိုက် ဝိုင်းရံထားကြသည်။များပြားလှ‌ သောဦးခေါင်းများသည် အတွင်း၌ဖြစ်ပျက်နေသည့်အရာများကို မြင်ရန်ခက်ခဲစေသော်လည်း ဆူညံသောအသံများ ဆက်လက်ထွက်ပေါ်နေပါသည်။

"သူ့ကို ဘယ်သူရိုက်တာလဲ၊ ဘယ်သူရိုက်တာလဲ။ ရှင်းရှင်းလင်းလင်းပြော၊ သူဘယ်က ထွက်လာတာလဲ!" "

အခုပဲ မင်းဘောလုံးကို ဖမ်းတုန်းက မင်းလက်ကို ရည်ရွယ်ချက်ရှိရှိ ဝှေ့ယမ်းပြတာတော့ သေချာတယ်"

"အဓိပ္ပာယ်မရှိဘူး၊ ငါလုပ်တာ လုံးဝမဟုတ်ဘူး၊ ဒါက ငါ့နဲ့ဘာမှ မဆိုင်ဘူး။!”

ဂိမ်းက ချက်ချင်းရပ်သွားပြီး ယာယီဒိုင်လူကြီးများအဖြစ် ဆောင်ရွက်နေသောစီနီယာကျောင်းသားများက အခန်း 4 နှင့် အခန်း 10 မှ ကျောင်းသားများကို ခွဲထုတ်လိုက်သော်လည်း နှစ်ဦးနှစ်ဖက် စကားများရန်ဖြစ်နေပြီဖြစ်သည်။

အရပ်ရှည်သော အသင်းဖော်တစ်ယောက်က ‌နင်အာ ကို သူ့နောက်သို့ ဆွဲထုတ်လိုက်ပြီး သူ့အခြေအနေကို သေချာကြည့်လိုက်သည်။ ကျန်းချန်က အခန်း 4 ၏ ရှေ့တွင် တိုက်ရိုက်ရပ်နေပြီး အခန်း 10 မှ လူကောင်ထွားထွားများအား ဒေါသတကြီးနှင့် မျက်နှာမူထားသည်။ ကျန်းချန် သည် အလွန်ဒေါသထွက် နေလျက်ရှိကာ ထို ကျောင်းသား ၏မျက်နှာကို ပိတ်ထိုးလိုက်ချင်သော်လည်း ဒိုင်လူကြီးက သူ့ကို နောက်ပြန်ဆွဲကာ ဘယ်သူ့ကိုမှ မထိဖို့ တောင်းဆိုခဲ့သည်။

အခန်း 4 ၏ Cheerleading အဖွဲ့မှ ကောင်မလေးများသည် နင်အာ၏ မျက်နှာမှ သွေးများကို မြင်လိုက်ရသောအခါတွင် အလွန်စိုးရိမ်သွားကာ ငိုလုမတတ် စိုးရိမ်နေကြသည်။ ကောင်မလေးက
    "ဒါက မျက်လုံး နာသွားသေးလား၊ ဘောလုံးကစားနေရင်း လက်စွပ်ကို ဘာလို့ဝတ်ထားတာလဲ။ ‌နင်အာ က သွေးတွေအရမ်းထွက်နေတယ်။ ငါတို့ဘာလုပ်ရမလဲ၊ သူ့ကို ဆေးခန်းကို အမြန်ပို့ပေးရမလား။"
အခန်း 10 မှ ကျောင်းသားက
"ငါက လက်စွပ်တစ်ကွင်းပဲ ဝတ်ထားတာ။
အဲဒါကို အပို တွေ လာလုပ်နေတာ မင်းကို ... ah!"

A LITTLE LOVE SONG {Complete} Where stories live. Discover now