အပိုင်း(၁၃)

Start from the beginning
                                    

စနစ်၏ ဆုလာဘ်က ကျွမ်းကျင်မှုဖြစ်၍ တစ်နေ့ထက်တစ်နေ့ သူ့အရည်အချင်း ပိုတိုးတက်လာသည်။ ဟင်းချက်သက်တမ်းကြာလာသည်နှင့်အမျှ ဟင်းလျာက ပို၍အရသာရှိလာသည်။

"တကယ့်ကို အရသာရှိတာပဲ။ ဒီတစ်ခေါက်တော့ မင်း ဆိုင်ကောင်းကောင်းကို လမ်းညွှန်နိုင်ခဲ့ပြီ စွန်းမင်"

"ငါ ဆိုင်အကုန်လုံးနီးနီး စားဖူးတယ်။ အရသာရှိတဲ့ ဟင်းလျာတော်တော်များများကိုလည်း မြည်းစမ်းဖူးတယ်။ ဒါပေမယ့် ကြက်ဥထမင်းကြော်က ငါ စားဖူးသမျှထဲမှာ အရသာအရှိဆုံးပဲ"

"ထမင်းကြော်တစ်ပွဲကို ၁၈၈ယွမ် ပေးရတာ မဆန်းကြယ်ဘူး။ ငါ့အတွက်တော့ ဒီဈေးနဲ့ စားရတာ တန်တယ်" ထမင်းကြော်တစ်ပွဲကို စားသုံးပြီးနောက် မျောက်ကြီးနှင့် အလီတို့ ပထမဦးဆုံး လုပ်ဆောင်သည့် အပြုအမူက ဆိုးရွားသော စာလုံးပေါင်းသတ်ပုံများဖြင့် အစားအသောက်ကို မှတ်ချက်ပေးခြင်းဖြစ်သည်။

"အရမ်းအရသာရှိတယ်။ သူဌေး နောက်တစ်ပွဲထပ်ပေးပါ။ မဟုတ်သေးဘူး နှစ်ပွဲ‌ချပေး" မျောက်ကြီးက ထမင်းကြော်ကို အရင်ဆုံးကုန်အောင် စားသူဖြစ်သည်။ အရသာကို မြည်းစမ်းပြီး နောက်တစ်ပွဲထပ်ပေးရန် ယွမ်ကျိုးကို ပန်းကန်ပြား လှမ်းပေးသည်။

"တကယ့်ကို အရသာရှိတယ်။ ငါလည်း နောက်တစ်ပွဲထပ်လိုချင်တယ်" အလီက မျောက်ကြီးနောက်မှ လိုက်ပြောသည်။

"ဟားဟားဟားဟား"

နောက်ဆုံးမှ ထမင်းကြော်ကို ကုန်အောင်စားသော စွန်းမင်က ယွမ်ကျိုး၏ တုံ့ပြန်မှုအဖြေမလာခင် အားရပါးရ ရယ်မောသည်။

ရယ်သံကြောင့် မျောက်ကြီးနှင့် အလီ အံ့ဩသင့်သွားသည်။ လူတိုင်းက သူ့ကို ငေးစိုက်ကြည့်နေမှန်း သတိပြုမိသောအခါ စွန်းမင်က ကျယ်လောင်စွာ ဟထားသော ပါးစပ်ကို ပိတ်လိုက်ပြီး လေးနက်သောအမူအရာဖြင့် စကားပြောသည်။

"ဧည့်သည်တစ်ယောက်ကို ဟင်းတစ်ပွဲပဲ မှာလို့ရပါတယ်"

ထိုစကားသံကို ကြားပြီးနောက် စွန်းမင်က ရယ်မောချင်သောစိတ်ကို မထိန်းချုပ်နိုင်တော့ပေ။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now