3

179 16 1
                                    

ဂွန်းနုအတွက်တော့ မက်သရူးက အမြဲဂရုစိုက်ဖို့ လိုအပ်နေတဲ့ကြောင်လေးတကောင်နဲ့တူတယ် ။ သူ့ထက်အသက်ကြီးတယ်ဆိုပေမဲ့ လူကောင်သေးတာကြောင့်ရော အပြုအမူလေးတွေက ချစ်ဖို့ကောင်းတာကြောင့် ဂွန်းနုမျက်လုံးထဲတော့ မက်သရူးက ကလေးလိုပဲ ဖြူစင်ပြီးအပြစ်ကင်းလွန်းတယ် ။ တွဲနေရင်းနဲ့ ပိုသိလာရတဲ့အချက်ကတော့ ဟျောင်းက တကယ်လူအရမ်းကပ်တာပင် ။

" Final Year ကစာတွေအရမ်းခက်တာပဲ ပင်ပန်းလိုက်တာ "
သနားစဖွယ်မျက်နှာလေးလုပ်ပြီး စာသင်ခန်းရှေ့စောင့်နေသော ဂွန်းနုကို အပြေးလာဖက်သော ဟျောင်းကြောင့် လူတချို့က သူတို့ကို ကွက်ကြည့်ကွက်ကြည့်လုပ်သွားကြသည် ။ ဂွန်းနုက ပတ်ဝန်းကျင်က သူ့ကိုဘယ်လိုမြင်မည် ဂရုမစိုက်တတ်သော်လည်း ဟျောင်းကိုတော့ လူတွေမကောင်းမြင်မှာစိုးရိမ်လှသည်။

" ဂွန်းနုက အရမ်းဖက်လို့ကောင်းတာပဲ ဖက်ပြီးတာနဲ့ အားအပြည့်ဖြစ်သွားရော "
ဂွန်းနုရင်ဘတ်ကိုခေါင်းမှီပြီး ချွဲသလိုပြောလာတော့ ဂွန်းနုနှလုံးသားက အရည်ပျော်ကျမတတ် နူးညံ့လာရသည် ။ ရင်ခွင်ထဲက လူသေးသေးလေးကို ပြန်ဖက်ထားလိုက်တော့ သဘောကျနေသည့်ဟန်ပင် ရယ်သံလေးများပင် ထွက်လာသည် ။

" ဒီနေ့အရမ်းပင်ပန်းတော့ ရည်းစားချောချောလေးမျက်နှာကြည့်ပြီး ရေခဲမုန့်စားမှ ဖြစ်တော့မယ် "

အအေးစာတွေစားပြီးရင် ဗိုက်နာတတ်သည့် ဟျောင်းကြောင့် ဂွန်းနုက သိပ်မစားစေချင်သော်လည်း မက်သရူးက ဂွန်းနုကို ဘယ်လိုဂျီကျရင် သူလိုချင်တာ ရမည်ကို ကောင်းကောင်းသိနေလေရာ သူ မလိုက်လျော၍ မရတော့ ။ ဟျောင်း၏ ပါးအိအိလေး နှစ်ဖက်ကို လက်ဖဝါးနှင့်အုပ်ကိုင်ရင်း

" နည်းနည်းပဲစားရမှာနော် " ဆိုတော့ ခေါင်းတဆတ်ဆတ် ငြိမ့်ပြရင်း
" အင်း ဂွန်းနုက အကောင်းဆုံးပဲ " ဟုဆိုလာသူ ဟျောင်းကြောင့် စာသင်ခန်းရှေ့တွင်မို့ မနမ်းမိအောင် စိတ်ထိန်းထားနေရသော်လည်း သူ့သမာဓိက ဆက်၍အားမကောင်းတော့ ပါးပြင်မို့မို့လေးသို့ သူ့နှူတ်ခမ်းရာလေးတံဆိပ်ကပ်မိတော့သည် ။

ဂွန်းနု၏ အပျော်ဆုံးအချိန်များဟု ဆိုလိုက်လျှင် ဟျောင်း၏လက်ကိုဆွဲ၍ အတူရှိနေရချိန်များဟုဆိုရမည် ။ ဂွန်းနု၏ လက်ဖဝါးအကြီးကြီးထဲတွင် မြုပ်နေသော လက်ဖဝါးငယ်လေးက ဂွန်းနုအတွက်တော့ ပျော်ရွှင်မှူတွေပေးသည့် ဗီတာမင်လိုပင် ။
ဂွန်းနု၏ လက်ချောင်းများကို ပြန်ယှက်သွယ်လာသော လက်ချောင်းလေးများက ဂွန်းနုနှလုံးသားတစုံကို စေလိုရာညွှန်လို့ရသည်အထိ အင်အားကြီးလွန်းသည် ။

In the name of WisteriaWhere stories live. Discover now