ကိုယ်ပြောနေသောစကားကို ကြားမှန်း, မကြားမှန်းပင်မသိ။ သူပြောချင်တာကိုသာ ညည်းညူနေ၏။

" ချမ်း ... ချမ်းတယ် ဖက်ထားပေးပါ "

" ဟင်! ငါဖက်ထားပေးရမှာလား။ မင်းက အဲလိုမျိုးတွေကိုမကြိုက်ဘူးမဟုတ်လား "

" ဖက် ... ဖက်ထားပေးပါ "

အပူတွေအဖျားတွေတက်နေသူက ကိုယ့်ကိုသာအတင်းဆွဲခေါ်နေပြီး ဖက်ထားခိုင်းနေလေ၏။ နောက်ဆုံးတော့ ကိုယ်လည်း ကြံရာမရတော့သည့်အခါ စောင်တစ်ထည်ကိုအတူခြုံရင်း ဖျားနေသူအား နွေးသွားစေရန်အလို့ငှါ ဖက်ပေးထားရလေတော့သည်။ နေမကောင်းသူထံမှအပူငွေ့တို့သည် ကိုယ့်ဆီရိုက် ခတ်လာသည့်တိုင် တင်းတင်းဖက်ပေးထားမိ၏။ သေးသေးကွေးကွေးခန္ဓာကိုယ်လေးသည် ကိုယ့်ရင်ခွင်ထဲ ပို၍ပို၍တိုးဝင် ကာ နှစ်ခြိုက်စွာအိပ်မောကျသွားလေတော့သည်။

နံနက်ခင်းနေရောင်က အခန်းတွင်းဝင်လာသည့်အချိန် လင်းမြတ် အိပ်ယာနိုးလာရတော့၏ ။ ပထမဆုံးသတိထားမိတာ ကိုယ့်တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေတာကိုပါ။ လည်ချောင်းတွေလည်း အလွန်အမင်းခြောက်သွေ့နေပြီး ခေါင်းတွေပါကိုက်နေလေသည်။ မျက်လုံးကိုအားယူပြီးဖွင့်ကြည့်လိုက်တော့ကိုယ့်ရင်ခွင်ထဲ တိုးဝင်အိပ်ပျော်နေသည့်ရှိန်းကို တွေ့လိုက်ရသည်။ အိပ်ပျော်နေသူ၏နှဖူးစပ်တွင် ချွေးစလေးတွေပင်စိုနေလေ၏ ။ အပူကျသွားပုံတော့ရလေသည်။ သူကအပူကျသွားပေမည့် ကိုယ်ကတော့ တစ်ကိုယ်လုံးခြစ်ခြစ်တောက်အောင် အပူတက်နေလေပြီ။ အိပ်ပျော်နေသူ နိုးသွားမှာစိုးတာကြောင့်အသာပင်ထလိုက်သည်။ ထို့်နောက် ကိုယ်အိပ်ယာရှိရာသို့ ခြေဖွပြီးပြန်လျှောက်သွားနေစဉ်

" အ ... အလင်း "

နောက်ပါးဆီကခေါ်သံသည်တိုးလွန်သော်လည်း လှမ်းလက်စခြေလှမ်းတို့ရပ်တန့်သွားရ၏။ အံ့သြစိတ်နှင့် နောက်ကိုလှည့်ကြည့်မိတော့ ခြုံရက်သားစောင်ပုံထဲမှနေ၍ ကိုယ့်ကိုမော့ကြည့်နေသောကောင်လေးကို တွေ့လိုက်ရ၏။ ဂေဟာကိုရောက်လာ သည့်ငါးလကျော်အတွင်း ရှိန်းကကိုယ့်ကိုပထမဆုံးခေါ်သည့်နာမ်စားသည် အခြားသူတွေနှင့်မတူ။ အလင်းဟုခေါ်သည်တဲ့လား။

Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now