Part (22) Uni/Zawgyi

Start from the beginning
                                    

"အဲ့တာဆိုမလဲတော့ဘူးခုကတည်းကလဲထားလိုက်တော့မယ်"

ပန်းနုက အဝတ်စားတစ်ခါတည်းလဲထားပြီးအိပ်ယာပေါ်မှာပြန်လှဲကာဖုန်းသုံးနေလိုက်သည်။

တွယ်တာကမိတ်ကပ်လိမ်းနေပြီးလဝန်းကတော့အင်္ကျီလဲနေသည်။ အမဲရောင်ဂါဝန်အကြပ်ကိုအောက်က စတော်ကင်အနက်ရောင်နဲ့အမဲရောင်ဝမ်းဆက်ဝတ်ထားသည်။

"Wow.....လဝန်းမက ဒီနေ့ရှယ်လန်းနော်"

" တွယ်တာ အဝတ်စားမလဲရသေးလို့ပါသူလဲပြီးရင်သူ့မှီမှာမဟုတ်ဘူး"

ပန်းနုက လဝန်းကိုကြည့်ပြီးပြောလာတော့ လဝန်းက တွယ်တာ့ကိုကြည့်ပြီးပြန်ဖြေသည်။

"အမလေး တူတူပဲ ဘာမှမထူးဘူးလျှောက်ပြောမနေနဲ့"

တွယ်တာကပြောရင်း ဆံပင်ကိုမြှောက်စည်းလိုက်တာအဝတ်အစားထလဲသည်။

ဂျင်းဘောင်းဘီတိုအနက်ရောင်နဲ့ ခရော့တော့အနက်ရောင်ကိုပဲခပ်ရိုးရိုးဝတ်၏။

"ဟဲ့ ဒါပဲလားနင်က "

ပန်းနုကတွယ်တာ့ကိုကြည့်ပြီးမေးတော့တွယ်တာက အဝတ်အိတ်ထဲကနေတစ်ခုခုကိုထုတ်နေသည်။

"အေး...တွယ်တာ နင်အဲ့တိုင်းဆိုရင်ကိုရန်ကြီးကပြောနေဦးမယ် မနေ့ကတောင်ဂျာကင်တွေချွတ်ပေးနေတာ"

"သိပါတယ်ဟဲ့ ငါကကိုရန်ကြီးစကားနားထောင်မှာပါ အပေါ်ကတစ်ထပ်ဝတ်မှာ"

လဝန်းကိုတွယ်တာကပြန်ပြောရင်း ဦးထုပ်ပါသောအဖြူရောင်မိုးကာသားအနွေးထည်တစ်ထပ်ကိုလျှိုဝတ်လိုက်၏။

*
*

"ဟျောင့်တွေ ကျော်ကြီးတို့ကအောက်မှာရောက်နေပြီတဲ့ "

ခိုင်မြဲက ဖုန်းကိုဘောင်းဘီအိတ်ထောင်ထဲထိုးထည့်ကာ Toilet သွားနေတဲ့ရန်ကြီးနဲ့ တီရှပ်လက်ရှည်ကိုဝတ်နေသောထူးမြတ်လင်းအားသတိပေးသည်။

"အေး မင်းညီမတွေကိုခေါ်ပြီးဆင်းနှင့်လေ ငါတို့လိုက်ခဲ့မယ် "

ခိုင်မြဲလည်းထူးမြတ်လင်းပြောတာနဲ့ တွယ်တာတို့ကိုအခန်းတံခါးသွားခေါက်ပြီးခေါ်သွားသည်။

The Challenge of Love (OC)Where stories live. Discover now