အပိုင်း(၁၂)

Start from the beginning
                                    

"ကြက်ဥထမင်းကြော်က စွန်းမင်ပြောသလောက် အရသာရှိမယ်လို့ မင်းထင်သလား" မျောက်ကြီးက အရင်ဆုံး မေးမြန်းသည်။ မျောက်ကြီးက သူ၏ နာမည်ပြောင်နှင့် လိုက်ဖက်စွာ သူ့ရုပ်ရည်က မျောက်နှင့်အမှန်တကယ်တူသည်။ ထို့အပြင် ပိန်လှီသည့်အပြင် သူ့လက်တံများက ရှည်လျားသည်။ ကြည့်ကောင်းသောမျက်နှာ၊ဆံပင်ခပ်တိုတိုနှင့် စိတ်အားတက်ကြွသောအမူအရာကို ပြသသည်။

"ဖြစ်ကောင်းဖြစ်နိုင်ပါတယ်" အလီက ငိုက်မျဉ်းနေသောပုံစံဖြင့် စိတ်ပျက်အားလျော့စွာ ပြန်ဖြေသည်။ မျောက်ကြီးက
ငိုက်မျဉ်းနေသော အလီကို ကြည့်လိုက်သည်။

"မနေ့ညက မင်း မအိပ်ပြန်ဘူးလား။ မင်းပုံစံကြည့်ရတာ ဖျားနေသလိုပဲ"

"ငါ သက်သာခါနီးပါပြီ။ ကားမောင်းတာကိုသာ အာရုံစိုက်စမ်းပါ။ ငါတို့တွေ ဆိုင်နားကို ရောက်နေပြီ" အလီက လမ်းအရှေ့ဖက်ကို ကြည့်လိုက်ပြီး မျောက်ကြီးကို သတိပေးသည်။ အလီက ခရီးသည်ထိုင်ခုံမှာထိုင်ကာ ‌ဆံပင်ကို လက်ဖြင့် သပ်လိုက်သည်။

"အာမချောင်စမ်းနဲ့။ ငါသိတယ်။ ကိုယ့်ဘာသာအိပ်စရာရှိတာ မအိပ်ဘူး။ ခဏနေရင် အဲ့ဆိုင်ကို ရောက်တော့မယ်" မျောက်ကြီးက လမ်းထဲသို့ ကားကွေ့လိုက်စဉ် စွန်းမင်၏ကားကို လှမ်းမြင်လိုက်သည်။

"ဒီနေရာပဲ" သူက အရှေ့ဖက်သို့ ဆက်လက်မောင်းနှင်လိုက်ပြီး စွန်းမင်၏ ကားဘေးနားမှာ ကားပါကင်ထိုးလိုက်သည်။

"သွားကြမယ်။ ငါ့သူငယ်ချင်း‌‌တွေ ရောက်နေပြီ။ အရသာအရှိဆုံးအစားအသောက်တွေနဲ့ တည်ခင်းရမှာ မင်းတာဝန်ပဲ" စွန်းမင်က ယွမ်ကျိုးကို နှုတ်ဆက်စကားပြောခါနီး သူ့ကားအနားမှာ ကားထိုးရပ်လိုက်သော မျောက်ကြီး၏ ကားကို လှမ်းမြင်လိုက်သည်။

"စိတ်မပူနဲ့။ ငါ့အခုပဲ သွားပြင်ဆင်ထားလိုက်မယ်" ယွမ်ကျိုးက စွန်းမင်၏သူငယ်ချင်းနှစ်ယောက်ကို သွားရောက်မနှုတ်ဆက်ခဲ့ပေ။ သူက ရောက်ရှိလာသော ဧည့်သည်နှစ်ယောက်စလုံးကို မသိကျွမ်း၍ ဖြစ်သည်။ ထို့အပြင် ယွမ်ကျိုးက တက်တက်ကြွကြွ နေထိုင်တတ်သူမဟုတ်ပေ။ သူက လိုအပ်မှသာ စကားပြောလေ့ရှိပြီး အထီးကျန်မှုနှင့် ကျင့်သားရနေသည်။ တခြားသူများနှင့် စကားပြောခြင်းထက် သီချင်းနားထောင်ခြင်းကို ပို၍ နှစ်သက်သည်။ သူစိတ်အနှောင့်အယှက်ဖြစ်‌သောအခါ သူ့စိတ်ခံစားချက်ကို ပို၍ ကောင်းမွန်‌စေသော ပိုက်ဆံရေတွက်ခြင်းကို လုပ်ဆောင်လေ့ရှိသည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now