"မင်း...မင်း!"

ငါကိုကလျှာရှည်ပြီးပြောမိတာ ဒီကောင်ကဘယ်တုန်းက လူစကားနားလည်ဖူးလို့လဲ။
အကိုပုံတိုင်းကိုသဘောကျမိတာကြောင့်
အကိုပုံတိုင်းနားလူတွေကပ်ရင်မကြိုက်ချင်ပါ
ကိုယ်ကခနခနသွားရင်လည်း အကိုပုံတိုင်းကိုကြိုက်နေတယ်ဆိုတာ ရာချီသိသွားမှာ။

ဟိုကောင့်ကို စောက်မြင်ကပ်လို့သာပြောလိုက်တာ တကယ်တော့ပုံတိုင်းအိမ်ကို သွားဖို့လဲ အချိန်မရှိ ဒီနေ့ မျို့စေ့ရမှာမို့လို့ သာလှနဲ့သာ စိုက်ပျိုးမလို့အချိန်ပေးထားရသည်။

<><>

မနေ့ညနေက စလုပ်ခဲ့ပေမယ့်ဘာမှလည်းသိပ်လုပ်ထားတာမရှိတော့
အရင်ဆုံးကျန်တဲ့မြေတွေကိုသာ ပေါက်တူးနဲ့ဆွပေးနေရသည်။

"အကိုလေးရာချီ"

"‌ စကားမများနဲ့လုပ်စရာရှိလုပ်ကွာ "

ရာချီက အလုပ်ဆိုမလုပ်ရင်ဘယ်တော့မှမလုပ် လုပ်ပြီဆိုရင်လည်း ပြီးတဲ့အထိ မနားမနေလုပ်တက်သည် ဒါမှ နားရမှာမို့လို့လေ။

"အရင်လိုဘဲနေတက်သလိုနေပါဗျာ ဘာလို့အခု အပင်ပန်းခံပြီးလုပ်နေရတာလဲ "

"အပြောအဆို မခံချင်လို့ပါကွာ အခု ငါသာပိုက်ဆံရှိပြီးအဖေနဲ့ အတူတူနေစရာမလိုတော့ဘူးဆိုရင် ငါလည်း အဆူမခံရတော့ဘူး ပေါ့ ဟုတ်တယ်မလား "

"ဟုတ်ပါတယ် ဟုတ်ပါတယ် "

အခုဆို အလုပ်လုပ်နေရတာ အချိန်လည်းကြာမြင့်လာသလို နှစ်ယောက်သာချွေးသံ တစ်ရွှဲရွဲနဲ့ ရာချီ့ရဲ့မျက်နှာမှာဆိုလဲ မြေတွေနဲ့ နှစ်ပါးသွားထားရတာမို့ ညစ်ပတ်နေပြီဖြစ်သည်။
သို့သော်ဒီတရက်ဘဲလုပ်ရတော့မည် ‌နောက်နေ့ကစပြီးဘုရားပွဲအတွက်ပြင်ဆင်ရမှာမိူ့ ဒီစိုက်ခင်းကိုလည်း လူပြန်ငှားထား၏

"အကိုလေး ဒါဆို ကျွန်တော် ထမင်းစားသွားနားတော့မယ် "

"အေအေ "

"အကိုလေးရော လိုက်ခဲ့လေ "

"မလိုက်တော့ဘူး ဒီမှာခနမှေးမလို့ "

ဒီနေရာလေးက လေစိမ်းတွေပါတိုက်တာမို့လို့အေးချမ်းနေ၏ မြေဆွထားတော့ ထွက်လာတဲ့မြေသင်းနံ့ကိုလည်း ကြိုက်နှစ်သက်၏
ဒါကြောင့် မြေပေါ်မှာဘဲ ထိုင်လျှက်
တဖြည်းဖြည်းနဲ့ လှဲချပြီးပါ အိပ်လိုက်သေးသည်။

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now