"စံပယ်တို့လာလည်းလက်မခံနဲ့ကြားလား"
"အေကြားတယ် "
"သဇင်တို့ရောနော် "
"အေးပါ"
"ကပ်နိုင်သလောက် ကပ်ထားလုံးဝမခွာနဲ့ ဒါမှ သူတို့တွေ ကိုကိုပုံ့နားကိုမကပ်နိုင်မှာ "
"အင်းအင်း"
"နှင်းရည်မှာတာမမေ့နဲ့နော် "
"အေးလို့ ငါလုပ်လိုက်ရ "
အကိုဖြစ်သူကိုသာ သေသေရှင်ရှင်စိတ်မပူတက်တဲ့သူက လင်အတွက်ကျတော့ ပူနေလိုက်တာများ ။
"ပုံတိုင်း ငါလာပြီနော် "
"အင်းကိုယ်မျှော်နေတာ "
ခနခနလာလို့ သူ့ကို ကိုယ်ကဘဲ အတင်းကြိုက်နေသည်လို့လဲ ထင်မှာကိုကြောက်ရသေး၏ သို့ပေမယ့် ရယူဖို့ကိုလည်း နီးစပ်နေမှ ရမှာလေ။
"ဒီနေ့ရော ဟိုဟာ ကြက်ကြော်ပါလား "
လာထဲက ဟိုကြည့်ဒီကြည့်ရှာနေသတိထားမိ၏ သို့သော် မေးမယ်လို့တော့မထင်။
မေးလာတော့လည်းမရှိဘူးပြောရမှာ အားနာနေ၏ ကိုယ်ကလည်း လက်နာနေတာမို့လို့ မကြော်ပေးလိုက်နိုင်တာ ။"ကိုယ်တောင်းပန်ပါတယ် ကိုယ်လက်နာနေတော့ မကြော်လိုက်ရဘူး "
"ရပါတယ် ငါကဒီတိုင်းမေးတာပါ စားချင်လို့တော့မဟုတ်ပေမယ့် စားချင်တာလည်းပါတာပေါ့ ဒါပေမယ့်လည်းအမြဲတမ်းတော့ တောင်းမစားပါဘူးငါလည်းအားနာတက်ပါတယ်
အခုကလည်း ဒီတိုင်းမေးကြည့် ဘာမှတောင်းပန်စရာလဲမလိုပါဘူး ငါကသာကျေးဇူးတင်ရမှာ ""ဟုတ်ပါပြီ အဲ့လောက်ထိ အားနာမနေပါနဲ့ "
"လက်ကရော ဘယ်လိုနာတာလဲ မနေ့ထဲက နာနေတာမလား ဘာနဲ့ထိခိုက်မိတာလဲ "
"အိမ်ခြံစည်းရိုးကားရင်နဲ့ အုတ်ပိတာပါ သိပ်မဖြစ်ပါဘူး "
"ဘာ!!!"
စိတ်ပူတာလားစိတ်တိုတာလားမသိတဲ့ အော်သံကြောင့် ပုံတိုင်းဆောင်တစ်ယောက်လန့်ဖြန့်သွားကာ။
"ဘာဖြစ်တာလဲ ရာချီ "
"ဘာကိုဘာဖြစ်ရမှာလဲ အုတ်ပိတာကိုသိပ်မဖြစ်ဘူးဆိုတော့ ကျားကိုက်မှာနားမှန်းသိမှာလား လက်ပေးစမ်းပါ ငါဆေးလိမ်းပေးမယ်လိမ်းဆေးရှိတယ်မလား "
YOU ARE READING
သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)
Randomပုံတိုင်းဆောင် +ရာချီဒွေး သူကြီးသားလေးနဲ့ အပေါင်ဆိုင်သားလေးတို့ကိုဖတ်ပေးကြပါအုန်းရှင့် တောရွာပုံစံလေးကိုမှ ကြိုက်နှစ်သက်ရင်တော့ဒါလေးဖတ်ဖို့တောင်းဆိုပါတယ်ရှင့်....။
7(ZawGyi)
Start from the beginning