*ကျေးဇူးတင်ပါတယ် ဆရာမ။ ဖုန်းကို ဟိုခုံလေးပေါ် တင်ထားပေးခဲ့နော် *

*ဟုတ်...ဟုတ်ကဲ့!*

သူနာပြုလေးမှာ လှပတဲ့အပြုံးပိုင်ရှင် ဆရာဝန်ကြီးကြောင့် ဖုန်းအား ဘေးက ခုံပေါ်ချကာ ခြေလှမ်းသွက်သွက်နှင့် ပြေးလေတော့သည်။

*ဒီနေ့အတွက် တာဝန်ကျေပါတယ် ဆရာမ!*

ထို့နောက် သူမကြားစေရန် အသံမြှင့်ကာ ပြောလာသည့် စကားကြောင့် သူမ၏ ခြေလှမ်းလေးပင် ရပ်သွားကာ ‌ခါးကို အကြိမ်ကြိမ်ဦးညွတ်ရင်း အရိုအသေပေးမိလေသည်။ ထို ဆရာဝန်ကြီးဟာ သူမဘဝမှာ တွေ့ဖူးသမျှ ဆရာဝန်တွေထဲ အကြင်နာတတ်ဆုံးဖြစ်သည့်အပြင် အမျိုးသားတစ်ယောက်အနေနှင့်လည်း မိန်းကလေးတိုင်း လိုချင်မိသည့် တစ်ဖက်သားအပေါ် လေးစားမှုအပြည့်ရှိသော Gentleman ဖြစ်တာမို့ သူမ လေးစားစွာ အရိုအသေပေးမိခြင်းဖြစ်ပေသည်။ အသက် ၃၆ ‌နှစ်အရွယ် တဲ့! သူမဖြင့် ယုံဖို့ ခက်ခဲလှပေသည်။

သူနာပြုမလေး ရှက်ပြီးထွက်ပြေးသွားသည်ကို ကြည့်ကာ ခန့်ညား ခေါင်းကိုသာ အသာခါကာ ရယ်မိလေသည်။ သူကတော့ စိတ်ရင်းအမှန်နဲ့ ပြောလိုက်တာဖြစ်ပေမယ့် တစ်ဖက်သားအတွက်တော့ သူ့အပေါ် ပိုပြီး ကြွေသွားပုံရတာဟာ ပျော်စရာလား၊ ငိုရမလားတောင်မသိတော့ပေ။ သို့သော်လည်း ဒီလိုအဖြစ်အပျက်ဟာ လုပ်ငန်းခွင်အတွင်း သူအမြဲ ကြံနေရသည့် ကိစ္စမို့ ထူးပြီးတော့ စိတ်ထဲရှိမနေတော့ပေ။

ထို့နောက် တံတောင်စစ်အထိ လက်ကိုသေချာ ဆေးကြောပြီးသည့်အခါ လက်ကို အခြောက်ခံလိုက်ကာ ဘေးခုံပေါ်က သူ၏ ဖုန်းအား ကောက်ယူလိုက်သည့်အခါ အမြဲသူ၏ မျက်နှာထက် ထင်ဟပ်နေတတ်သည့် အပြုံးတို့ဟာ လွင့်ပြယ်သွားလေတော့သည်။

သူခွဲခန်းဝင်နေသည့် လေးနာရီအတွင်း Whatsapp ဆီမှ နီရဲနေအောင် တက်နေသော message noti များဟာ သူ့အား မျက်မှောင်ကျုံ့စေရန် လုံလောက်ပေသည်။

ထို့ကြောင့် စာ အများဆုံးပို့ထားသည့် acc ထဲကို အရင်ဝင်ကာ ကြည့်လိုက်တော့ message များပါမက voice record တွေပါ စုံနေလေသည်။ ထို့အပြင် message ၏ အသွားအလာအရကြည့်ရင်လည်း အစကတော့ တောင်းပန်သည့် စာများနှင့်သာ ပြည့်နေသော်လည်း နောက်ရောက်လာလေလေ သူ့အား ခြိမ်းခြောက်သည့်ပုံစံတွေပါ တွေ့လာရသဖြင့် ခန့်ညား အသံထွက်အောင် ဟက် ကနဲ ရယ်မိလေသည်။

Chilli Pepper Where stories live. Discover now