Chapter 4

1K 159 0
                                    

Chapter 4

ထိုအမျိုးသားသည် လင်းယန်ရန်ထက် တစ်ဆယ်စင်တီမီတာခန့် အရပ်ရှည်ပြီး ကျဉ်းမြောင်းသော ခါး နှင့် ခြေတံရှည်ကြီးမျာလည်းရှိကာ ခန့်ညားပြီးယောကျာ်းပီသလှသည်။

သူ၏ကြန်အင်လက္ခဏာများအားလုံးသည် ကျကျနနအနုစိတ်ထားသလိုမျိုး ပြီးပြည့်စုံလှ၏။

ဖြောင့်တန်းနေသော မျက်ခုံးအောက်မှ ညို့ဓာတ်ပြင်းသော မက်မွန်ပွင့်လွှာမျက်လုံးများက အပြုံးများဖြင့်ပြည့်နှက်နေခဲ့ပြီး  လင်းယန်ရန်ကိုကြည့်နေခဲ့သည်။အနည်းငယ်မျှသောမျက်လုံးအောက်ခြေထိရောက် အပြုံးများက နှစ်လိုဖွယ်ကောင်းစွာကျက်သရေရှိပြီး ထိုသည်ကပင် သူ့လက်အောက်ငယ်သားတပည့်များကို ချက်ချင်းဆိုသလို အလင်းရောင်များဖြင့် ထွန်းလင်းတောက်ပသွားစေခဲ့သည်။

သူ့ရှေ့မှာရပ်နေတဲ့သူက အရမ်းကိုမှ ယောကျာ်းပီသလွန်းတယ်။

အခြားသူကိုမြင်သောအခါ လင်းယန်ရန်၏စိတ်ထဲတွင် ပထမဆုံးတုန့်ပြန်မှုက ဤကဲ့သို့ပင်ဖြစ်သည်။

မက်မွန်ပွင့်လွှာမျက်လုံးပိုင်ရှင် အထင်ကရပုဂ္ဂိုလ်တစ်ဦး၏အနားတွင် ဒါဇင်နဲ့ချီသော လက်ထောက်များ နှင့် ဝန်ထမ်းများက အမြဲလိုလို ရှိနေတတ်ကြသည်။

လင်းယန်ရန် ချက်ချင်းဆိုသလို မူရင်းဝတ္ထုထဲက လူတစ်ယောက်အကြောင်း တွေးလိုက်မိသည်။

ကုစစ်ရယ်

စူပါစတား ကုစစ်ရယ်

သူမွေးဖွားလာပြီး အသက် ၂၀အရွယ်မှာတင် စတင် ပွဲဦးထွက်ခဲ့ပြီး ချက်ချင်းဆိုသလို ထိပ်တန်းစာရင်းဝင်ခဲ့သည်။

အယ်လ်ဘမ်တစ်ခုချင်းစီ၏ ရောင်းအားဇယားများကို ပြန်လည်ဆန်းစစ်ကြည့်မည်ဆိုပါက ဝမ့်ဖျောင်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် ဇာတ်ကားနှစ်ကားကပင် Box Office နေရာကို သိမ်းပိုက်နိုင်ခဲ့ပြီး တစ်ချိန်တည်းလိုလို တစ်နှစ်တာအကောင်းဆုံး မင်းသားဆုကိုလည်း ရရှိသွားခဲ့သည်။

အရေးကြီးတာက သူ လွန်ခဲ့တဲ့ ခုနစ်နှစ်က ပွဲဦးထွက်ခဲ့သော်လည်း အခုချိန်ထိ ဆက်လက်နာမည်ကြီးနေဆဲဖြစ်သည်။ သူ့မှာ မရေမတွက်နိုင်တဲ့ ပရိတ်သတ်တွေ ရှိရုံသာမက အနုပညာအသိုင်းဝိုင်းထဲမှာလည်း အရမ်းကို မြင့်မားတဲ့အဆင့်အတန်းတစ်ခုသို့ ရောက်ရှိနေခဲ့ပြီးပါပြီ။

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက်လူကြိုက်များကျော်ကြားလာခဲ့တယ် BLWhere stories live. Discover now