Ch 3

927 152 1
                                    

ဇီဝကမ္မဖြစ်စဉ်က လင်းယန်ရန်ကို ခုနစ်နာရီတွင် အချိန်မှန်နိုးလာစေသည်။

ကိုယ်လက်သန့်စင်ပြီးနောက် သူသောက်ဖို့အတွက် ရေနွေးအိုးတစ်အိုး တည်လိုက်သည်။

လက်ဖက်ရည်ထုတ်များထည့်သိမ်းထားသည့်သေတ္တာထဲတွင် wolfberry သီး ( သို့ ) ကိုးချီ ဘယ်ရီသီးများကို အကျင့်အတိုင်း ရှာဖွေနေစဉ် ရုတ်တရက် မူလပိုင်ရှင်တွင် ဒီလိုအရာမျိုးတွေမရှိကြောင်း သတိရသွားခဲ့၏ ။

တစ်နှစ်ပတ်လုံး ထိုကဲ့သို့သောက်သုံးလာခဲ့သည်ဖြစ်ရာ ဤအလေ့အထကို ချက်ချင်းပြောင်းလဲရန် ခက်ခဲလှသည်ဖြစ်ရာ လင်းယန်ရန်သည် စောနေသေးသည့်တိုင်အောင် စူပါမားကတ်သို့သွားကာ အပူပေးခွက်နှင့် ကိုးချီဘယ်ရီသီးအချို့ကို သွားဝယ်ခဲ့သည်။

WeChat ပေါ်ရှိ လက်ကျန်ငွေ 150 လျော့သွားသည်ကို စစ်ဆေးကြည့်ပြီးနောက် ယခင်က ငွေကြေးနှင့်ပတ်သက်၍ တစ်ခါမျှမစိုးရိမ်ခဲ့ဖူးသော လင်းယန်ရန်သည် ပထမဆုံးအကြိမ်အဖြစ် ခေါင်းကိုက်သွားရလေသည်။

ထိုကဲ့သို့ ရုတ်တရက် ငွေကြေးအမြောက်အမြားကုန်သွားသဖြင့် လင်းယန်ရန်သည် ပိုက်ဆံချွေတာသည့်အနေဖြင့် သူ့အတွက် ယာဂုကိုသာချက်ပြုတ်စားသောက်နိုင်ခဲ့သည်။

ပရိုဂရမ်အဖွဲ့မှ ဆယ့်တစ်နာရီ အရောက်လာပေးရန် အကြောင်းကြားစာ ပေးပို့လာရာ ယင်းယင်းသည် လင်းယန်ရန်၏အိမ်အောက်သို့ရောက်လာခဲ့ပြီး ကိုးနာရီတိတိတွင် လင်းယန်ရန် နှင့် ယင်းယင်းတို့ အတူတူထွက်လာခဲ့ကြသည်။

ဒီလိုအခြေအနေ ဒီလိုအချိန်အခါမျိုးမှာ သူတို့နှစ်ယောက် တက္ကစီသာ စီးနိုင်တော့၏ ။

ကားထဲတွင်ထိုင်နေသည့် ယင်းယင်းသည် တခြားသူများက ယန်ရန်ကောသာ တက္ကစီစီးလာမှန်းသိရင် လှောင်ပြောင်ရယ်မောခံရမည်ကိုစိုးရိမ်နေခဲ့လေသည်။

သို့သော် လမ်းတစ်လျှောက်လုံးတွင် လင်းယန်ရန်သည် ကျင့်သားရနေသကဲ့သို့ပြုမူနေကာ အဆင်မပြေမှု လုံးဝမပြဘဲရှိနေတာကြောင့် ဘာလို့မှန်းမသိ ယင်းယင်းလည်း ဒီအကြောင်းအရာပေါ်  သိပ်ဂရုမစိုက်တော့ပေ။

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက်လူကြိုက်များကျော်ကြားလာခဲ့တယ် BLWhere stories live. Discover now