ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)

Start from the beginning
                                    

ကျင်းစစ်က လက်ဆန့်ကာ သူ့ပါးစပ်အား ရင်းရင်းနီးနီး ကာလိုက်ပြီး တည်ငြိမ်စွာပြောသည်။

“မင်းအနာကို ငါ့ကို ကြည့်ခွင့်ပေး…”

ယင်းကျောင်း တခဏလောက် ကြောင်အသွားပြီး သူ့မျက်လုံးများ ပျော့ပြောင်းလာကာ မျက်လုံးအား နာနာခံခံ မှိတ်ပေးလိုက်သည်။

ကျင်းစစ်က သူ့ဆွယ်တာ၏ လက်ရှည်အား အပေါ်သို့ ဂရုတစိုက် ဆွဲတင်လိုက်သည်။

ယင်းကျောင်းမြေပြင်သို့ လဲကျချိန်၌ သူက တံတောင်ဖြင့်ကျခဲ့ပေသည်။ ယခုချိန်၌ သူ့တံတောင်ဆစ်နှစ်ခုလုံး၌ ပွန်းပဲ့နေသည့် အရေပြားများ ရှိနေပြီး သူက သွေးထွက်နေပေသည်။ ကံကောင်းစွာ သူသည် ယနေ့ အနက်ရောင်ဆွယ်တာ ဝတ်လာခဲ့တာပင်။ မဟုတ်လျှင် သူသည် သွေးမြင်ပြီး ခေါင်းမူးရပေဦးမည်။

သူ့တံတောင်ဆစ်က ဤသို့ဖြစ်နေပြီး သူ့ခန္ဓာကိုယ်သည်ရော ဘယ်လိုဖြစ်နေမလဲ။

ရုတ်တရက် ကျင်းစစ် ထပ်၍ မကြည့်ရဲတော့ပေ။

“ရပါတယ်…”

ယင်းကျောင်း သူ့ဒဏ်ရာ အခြေအနေအား ခန့်မှန်းထားပြီးဖြစ်သည်။ ကျင်းစစ်က အချိန်တော်တော်ကြာ စကားမပြောဘဲ နေသည်အား ကြည့်ခြင်းဖြင့် သူ့က အပြစ်ဝင်စိတ်ရှိနေပြန်ပြီဟုထင်မိပြီး ပြောလိုက်သည်။

“ယောက်ျားတစ်ယောက်အနေနဲ့ ဘယ်လိုလုပ်သွေးအနည်းငယ် မထွက်ဘဲနေမှာလဲ…”

သူ့လက်ရှည်အား လျင်လျင်မြန်မြန် ဆွဲချလိုက်ပြီး မျက်လုံး ဖွင့်လိုက်သည်။

“ကောင်းပြီ..အဲ့ဒါကို မကြည့်နဲ့တော့..ဒီဒဏ်ရာနည်းနည်းလေးက ရက်အနည်းငယ်အတွင်း ပျောက်သွားလိမ့်မယ်…”

ကျင်းစစ်က ရုတ်တရက် ထရပ်လိုက်ပြီး ဘားတန်းပေါ်၌ ချိတ်ဆွဲထားသည့် လွယ်အိတ်အား ယူကာ ယင်းကျောင်းအား ပြောလိုက်သည်။

“ဆေးပေးခန်းကို သွားရအောင်…”

ကျောင်းခေါင်းလောင်းက တစ်ချိန်တည်းမြည်လာသည်။

ယင်းကျောင်းက ဆက်ပြောသည်။

“မင်းမြင်သည့်အတိုင်း အတန်းကပြီးသွားပြီး ကိုယ်တို့သွားရင် မင်းအတန်းချိန်ထပ်လွတ်သွားလိမ့်မယ်…နောက်အတန်းချိန်က သင်္ချာချိန်လည်း ဖြစ်နေသေးတယ်…”

ကျောင်းမြတ်ခင်းစိမ်းလေးရဲ့ရည်းစားဟောင်းအဖြစ်သို့...(ကျင်းစစ်)Where stories live. Discover now