သရက်သီးခိုးစားသူ၏ နောက်ဆက်တွဲဟာ သိပ်တော့မဟန်လှ။ မာမီမသိအောင်လက်ရှည်တွေဝတ်သော်လည်း ပိပိရိရိသရုပ်ဆောင်မလုပ်နိုင်ခဲ့ချေ။ ဒေါနဆေးလိမ်းပေးပြီးညမှစ၍ နှစ်ရက်မြောက်နေ့တွင် မာမီသိသွားသည်။
စကားနားမထောင်တတ်သော အကျင့်အား
မကြိုက်သည်မို့ အိမ်ထဲမှအိမ်ပြင်မထွက်ရန် တစ်ပတ်တိတိအပြစ်ပေးခံရသည်။ မိုးလင်းမိုးချုပ်အခန်းထဲ၌ ဟိုသည်လျှောက်ငေးလိုက်၊ ဘေးခြံမှလူကြီးကိုချောင်းလိုက်နှင့် ငြီးငွေ့ဖွယ်အတိ။ထိုလူကြီးဖြင့်မိမိအား တစ်ချက်ကလေးတောင်လှမ်းကြည့်ပုံမရ။ အတော်လေးနေနိုင်လွန်းသည်။ ဒါ့ကြောင့်ပင်လူပျိုကြီးဖြစ်နေတာဟုတ်လိမ့်မည်ဟု လင်းငယ်တွေးမိသည်။ ငေးရင်းတွေးရင်း ဝရံတာသို့တိုက်တိုက်ဆိုင်ဆိုင် ဒေါနကထွက်လာသည်။ အသက်ပင်ရှည်လိမ့်အုန်းမည်။
" ဦးမောင် ! "
" လင်းငယ် လှမ်းခေါ်လိုက်သောအသံကြောင့် ဒေါနကလှည့်ကြည့်လာသည် "
" ကျွန်တော်ပြင်ထွက်လို့မရဘူးဗျ "
" အင်းသိတယ်လေ အပြစ်လုပ်ထားတာကို "
" လက်နှိပ်စက်နှိပ်ချင်တယ်ဗျ "
" လာနှိပ်လေ "
" အပြင်မှထွက်မရတာကို ဦးမောင်လာခေါ်ပါလားဗျ "
" မခေါ်နိုင်ပါဘူး မင်းထွက်လာလို့ရမှလာပေါ့ "
လင်းငယ်နှင့်စကားပြောပြီး ဒေါနကလက်ပြကာ အိမ်ထဲပြန်ဝင်သွားသည်။ မစ်ရှင်ကျရှုံးသွားလေပြီ။ လင်းငယ်အပြင်ထွက်ဖို့စစ်ကူမရလိုက်ပေ။ ထို့နောက်မထူးသည့်အဆုံး အခန်းထဲတွင်သာ စာအုပ်များထိုင်ဖတ်နေလိုက်သည်။
လက်ထဲသို့ပါလာသော စာအုပ်ကရောမ ၊ အီဂျစ်၊ ဂရိလူမျိုးများနှင့် ပတ်သက်သော သမိုင်းစာအုပ်တစ်အုပ်။ လင်းငယ်စိတ်မဝင်စားသော်လည်း ပျင်းပျင်းနှင့်ဖတ်လာရင်း စိတ်ဝင်စားလာမိသည်။ အထူးသဖြင့် ရောမမြို့ဟောင်းမှ တူးဖော်ရရှိသောအဆင်တန်ဆာနှင့် အသုံးအဆောင်ပစ္စည်းများ၏ ခေတ်ရှေ့ပြေးနေမှု၊ အံ့ဩဖွယ်ပဟေဠိဆန်သော ရှာဖွေတွေ့ရှိမှုအကြောင်းများသည် ဆယ်ကျော်သက်ကလေးတစ်ယောက်အပေါ် လွှမ်းမိုးနိုင်ခဲ့ဟန်။
ŞİMDİ OKUDUĞUN
သူဝှက်ထားတဲ့ ချစ်ကဗျာ ( သူဝွက္ထားတဲ့ ခ်စ္ကဗ်ာ )