အခန်း 9

290 44 0
                                    

အခန်း 9
   
   
မနက်ခင်းမှာ နင်အာ တံခါးခေါက်လိုက်တဲ့အခါ အဖွား ရှောင် က ရှောင်ပေါ်ဟန် ကိုခေါ်ပေးဖို့ တံခါးကိုဖွင့်လိုက်သည်။

ရှောင်ပေါ်ဟန် ထွက်သွားကတည်းက ‌နင်အာ သည် အဖွား ရှောင် ၏အိမ်သို့အသွားအလာနည်းသွားခဲ့သည်ပင်။

‌နင်အာ ကိုတွေ့တော့ အဖွား ရှောင် က ဝမ်းသာအားရနဲ့
"မင်းတို့တွေအတူတူပြန်ကစားနေကြတာပဲ။ ရှောင်အာ့  ၊ ရှောင်ဟန် က မင်းကို အနိုင်ကျင့်ရင် အဖွားကို ပြောပြ အဖွား ဆုံးမပေးမယ် " ‌နင်အာ က ပေါ့ပေါ့တန်တန် ခေါင်းညိတ်ပြပေမယ့် တကယ်ပြောလို့ဘယ်ဖြစ်မလဲ။

ငယ်ငယ်ကတည်းက ဖွားဖွားရှောင်  ရှောင်ပေါ်ဟန် ကို ဆုံးမတာလည်း မတွေ့ဖူးပေမယ့်လည်း...

သူတို့ နေတဲ့ ရပ်ကွက်က ကျောင်းနဲ့ အရမ်းနီးကြောင့် သူတို့ နှစ်ယောက် ကျောင်းကို လျှောက်သွားလိုက်ကြ၏။ထို့နောက် ကျောင်းသား ID ကတ်တွေ ပြပြီး ၊ ဘောလုံးလေ့ကျင့်ဖို့ ကျောင်းကို ဝင်ခဲ့သည်။

‌နင်အာ က ရှောင်ပေါ်ဟန် အား မနေ့က မက်ဆေ့ခ်ျပို့ပြီး ကျောင်းပိတ်ရက်မှာ နှစ်ယောက်သား အတူလေ့ကျင့်ဖို့ ကို တောင်းဆိုခဲ့ပြီ ရှောင်ပေါ်ဟန် က အဆင်သင့် သဘောတူခဲ့ပါ၏။ သို့သော် သူတို့နှစ်ဦးတည်းသာ အမှန်တကယ်ရှိသောအခါ နင်အာ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ သူက ဘတ်စကတ် ဘောလုံးကို ကိုင်ထားရင်း စိတ်မသက်မသာ ဖြစ်နေသည်။

ရှောင်ပေါ်ဟန် သည် သူ၏လက်ချောင်းများဖြင့် အနက်ရောင်ဘတ်စကတ်ဘောအား အေးအေးဆေးဆေးကစား နေသည်။ သူဘတ်စကတ်ဘောကွင်းတစ်ခုသို့ရောက်သောအခါ ရပ်လိုက်ပြီး ‌နင်အာ  ကိုလှည့်ကြည့်ကာ
"မင်းအရင် ဘောလုံးကိုပုတ်ပြီး မင်းလက်နဲ့ထိတာ အရင်‌လေ့ကျင့်ကြည့်ပါလား"

  ‌နင်အာ: "အင်း"

‌နင်အာ ဟာ အပတ်စဉ် ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့သည်။

သောကြာနေ့တွင် ပထမပြိုင်ပွဲအပြီးတွင် အတန်းအားလုံး၏ အားကစားကော်မတီများကို မဲနှိုက်ပြီး အတန်း 4 နှင့် အတန်း 10 ကို တစ်ဖွဲ့စီ ပြိုင်ပွဲသတ်မှတ်ပေးခဲ့သည်။
အခန်း 4 က ကံကောင်းတာလား ကံမကောင်းတာလားတော့ မသိပေ။
အနည်းဆုံးတော့ အခန်း 6 နဲ့ မတိုက်ဆိုင်ခဲ့ပေမယ့်လည်း အခန်း 10 ကလည်း ယှဉ်ပြိုင်ဖို့ရန်အတွက် အလွန်ပြင်းထန်၏။ အခန်း 4 ၏လက်ရှိ Level နှင့်အနိုင်ရဖို့ ဖြစ်နိုင်ခြေမှာ အလွန် နည်းပါးသည်။
   
‌နင်အာ က သူ၏အတန်းကို ဝန်ထုတ်ဝန်ပိုးပေးနေသည့်သူလည်း မဖြစ်ချင်ပေ။

A LITTLE LOVE SONG {Complete} Where stories live. Discover now