" ရှိန်း သားလေး၊ လင်းလင်းနဲ့လိုက်သွားနော်။ သူကလေဒီဂေဟာမှာအလိမ္မာဆုံးကလေးပဲ။ နောက်ပြီး သူကဒီဂေဟာမှာ ငယ်ငယ်ထဲကနေလာရတဲ့ကလေးဆိုတော့ သူကိုကအခြားကလေးတွေနဲ့အတူမနေခိုင်းဘူး။ တစ်ယောက်ထဲနေရတာ။ သားက အခြားကလေးတွေနဲ့ ရောပြီးမနေချင်ဘူးမဟုတ်လား။

" မ ... မနေချင် အင့် "

စကားမဆုံးခင် ရှိုက်သံလေးထွက်လာပြန်၏။

" အခြားကလေးတွေနဲ့သားမနေချင်ရင် လင်းလင်းနဲ့နေနော် သားလေး။ ဆရာမလဲ အမြဲရှိနေမှာပဲဟာ"

ဂေဟာမှူးရော ဆရာမပါ အချိန်အကြာကြီးချေ့ာပြီးကာမှထိုကောင်လေးက ကိုယ်နဲ့အတူပါလာလေတော့သည်။အခန်းထဲကိုရောက်သည့်အခါ အထဲကိုဝေ့ကြည့်ရင်းကိုယ့်အိပ်ယာနှင့်ဝေးသော အခြားအခန်းထောင့်တစ်ဖက်တွင်ဒူးနှစ်ချောင်းကိုလက်ကလေးဖြင့်ပွေ့ပိုက်ရင်း ငြိမ်သက်စွာထိုင်နေ၏ ။ ခေါင်းလေးကိုမူ ဒူးခေါင်းပေါ်တင်ထားသေး၏။ဘေးစောင်းအနေအထားတွင် မျက်ဝန်းမှမျက်ရည်တို့သည် ပါးပြင်ကိုဖြတ်၍စီးလာနေသည်ကို မြင်လိုက်ရ၏။

ကိုယ်ကတော့ လူမှန်းမသိခင်ထဲကဒီဂေဟာကိုရောက်လာသူမို့အခုလိုတစ်ခါမှမငိုဘူးချေ။ အခြားကလေးတွေငိုတာတော့တွေ့ခဲ့ဖူး၏။ အခုဒီကောင်လေးငိုနေပုံက ဝမ်းနည်းမှုအပြင်ထိတ်လန့်မှုတွေပါ ပါနေသလိုခံစားရသည် ။ သူနားကိုသွားပြီးသူ့အဝတ်ထုတ်ကိုချပေးလိုက်တော့ လန့်သွားသလိုဆက်ခနဲတုန်သွားရင်း ထပြေးဖို့ဟန်ပြင်သည်။ အနောက်ကိုချက်ချင်းပြန်ဆုတ်လိုက်ရသည်။

" ငါ မင်းအဝတ်ထုတ်ကိုလာပေးတာလေ။ မလန့်နဲ့နော်။ငါဘာမှမလုပ်ဘူး "

" ငါ့နား မ .... မလာပါနဲ့ ။ ငါ ...  ငါကြောက်တယ်"

" အေးပါ ငါမလာဘူးနော်။ ငါ့ကိုလဲ မကြောက်နဲ့။ မင်းကိုဘာမှမလုပ်ပါဘူး"

" ဝေး ... ဝေးဝေးနေပါ "

အခန်းတွင်း တိတ်ဆိတ်သွားတော့သည်။ ထိုနေ့မှစ၍ အသစ်ရောက်လာသောထိုကောင်လေးသည် မည်သူနဲ့မှရောနှောနေထိုင်ခြင်းမရှိဘဲ သီးသန့်နေလေတော့သည်။ အခြားကလေးတွေလို ကျောင်းစာလဲမသင်ရချေ။ ဆရာမတွေကလဲ အတင်းခေါ်ကာစာသင်ပေးတာမျိုးမရှိ ။သူ့ကိုသာ အရိပ်တကြည့်ကြည့်ထားလေ၏။ စိတ်အားငယ်ခြင်းနှင့် ထိတ်လန့်ခြင်းတို့ကို အမြဲတမ်းခံစားနေရပုံရှိသောထိုကောင်လေးသည် ညဆိုလျှင်လဲကောင်းစွာအိပ်တာမျိုးမရှိချေ ။ အထူးသဖြင့် သူ့အနားကို
ကိုယ်ရောက်လာမှာကြောက်နေပုံရ၏။ ဒါကြောင့်ပဲ ကိုယ်တိုင်လဲ သူနှင့်ဝေးဝေးနေပြီး သူ့ကိုအဝေးကသာစောင့်ကြည့်နေ ရ၏။


Hey ! You Have To Be My Husband ( Completed  )Where stories live. Discover now