" ငါမင်းကို လာတွေ့မှာပေါ့ အဲတာက
ပြသနာမှ မဟုတ်တာ "

" မရဘူး ငါတို့နှစ်ယောက်ပုံတွေ socialmedia ပေါ်ရောက်သွားမှာကို
ထပ်မလိုချင်တော့ဘူး ငါအေးဆေးပဲနေချင်တယ် "

"ငါတို့ တိတ်တိ်တ်လေး တွေ့လို့ရတာပဲ
ဟုတ်တယ်မလား ငါ့ကိုအခွင့်ရေးလေးပေးပါအုံး "

"မရဘူး pawat ငါ အန်ကယ်ကိုပြောလိုက်ပြီလေ "

"မင်းအရမ်း သတ္တိနည်းတာပဲ "

"ဘယ်သူက သတ္တိနည်းတာလည်း ငါတို့နှစ်ယောက်အတွက်လုပ်တာပဲလေ "

"တကယ် သတ္တိရှိရင် မင်း ငါ့ကိုထားသွားမှာ မှမဟုတ်တာ မဟုတ်ဘူးလား "

"မင်းဘာလို့ဒီလောက်ခေါင်းမာရတာလဲ !"

"မင်းနောက်ထက်အခွင့်ရေးပေးရင်
ငါခေါင်းမမာတော့ဘူး သဘောတူလား"

အရှက်မရှိလိုက်ပြောနေတဲ့ pawat ကိုကြည့်လိုက်သည် ဘယ်လိုတွေဒီလောက်ခေါင်းမာရတာလဲ ။

" မင်း အရင်ကပြောတော့ ငါ့ကိုထားမသွားဘူးဆိုပြီး ကတိတွေပေးသေးတယ် ဒါပြီး ငါနဲ့အချိန်အကြာကြီးနေချင်တယ်လို့လဲ ပြောသေးတယ် အခုတော့ အဲစကားတွေက အကုန်လေထဲရောက်ကုန်ပြီ ငါတကယ်တော့ အဲအချိန်တွေမှာ phone records လုပ်ထားလိုက်ရမှာ "

"ဘယ်လိုဖြစ်လို့ မင်း အရင်ကအကြောင်းတွေဖောက်သယ်ချနေရတာလဲ အရမ်းဆိုးလာတယ်နော် pawat "

"ထိန်းမယ့်သူမရှိတော့ ဆိုးလာတာ အဆန်းမဟုတ်ဘူးလား ငါ့မှာချစ်သူလေးမှမရှိတာ
အဲတော့ ဆုံးမ မယ့်သူလည်းမရှိဘူးလေ "

ကျွန်တော် pawat ကိုကြည့်ပြီးရယ်ချင်လာသည် ကျွန်တော် လက်မခံသရွေ့ပြောနေမှာသေချာတယ် ဒါပေမယ့် ကျွန်တော် စဥ်းစားဖို့အချိန်လိုသေးတယ် ။

အချိန်တွေသာပြောင်းသွားမယ် pawat က ပြောင်းလဲမှာ မဟုတ်ဘူး သူတခြားသူတွေနဲ့ဆိုရင် အားနားတတ်ပါတယ် ကျွန်တော့်ကိုဆို တစ်ခါမှ အားနာတာလည်း မရှိဘူး ။

" မင်းငါ့ကိုအခွင့်ရေးပေးမှာလား အခုဆို
ငါတို့အကြောင်းကို အိမ်ကလူတွေလည်းသိသွားပြီ ငါ ပါးပါး နဲ့ အလောင်းစားလုပ်လာတယ် မင်းနဲ့သဘောမတူရင် company ကို
မအုပ်ချုပ်ဘူးလို့ "

I wanna be with you ( ငါမင်းနဲ့အတူရှိချင်တယ်)(completed)Where stories live. Discover now